Professional Authors

အမှားများနှင့် ခလုတ်တိုက်မိကြခြင်း – နရီထက်

သြော်ကြည့် လှဲကျပြီး
ပြောထားရက်သာ
နာလှပေါ့ ငါ့ခြေထောက်တွေ
မှောက်ကျနေသူ လှဲထူမည့်သူမရှိ
နာမှာပေါ့ ကျရှုံးခြင်းတွေ
ငါတို့စကားမှ နားမထောင်တာ
မကြားချင်ပါ နားပိတ်ထားလည်း
အနာမကျက်သရွေ့
ဒီအနာကို လက်ညှိုးထိုးကာ
ပြောစမှတ်တွေ တတွတ်တွတ်နှင့်
ထွက်ပြေးချင်အဝေးကိုကွဲ့

အမှန်ကိုရင်မှာသိမ်းထား
သူတို့ကလည်း အမှန်တဲ့
နောက်တစ်ယောက်ကလည်း အမှန်တဲ့
အမှန်တွေကြား လိမ်လည်မှုက
အဓိကလား

သိုးနေတဲ့ ထမင်းသုပ်
ရေသန့်မဟုတ်တဲ့ရေသန့်
ပဲဆီမဟုတ်တဲ့စားအုန်းဆီတွေကြား
ငါ့စားနေတဲ့ ထမင်းတစ်လုပ်
အမှန်ရော ဖြူစင်ရဲ့လား

ပျက်အစဉ် ပြင်ခဏတဲ့
ပျက်နေတဲ့ငါ့ ပြင်ဖို့လုပ်တုန်း
ဒီလူနဲ့ မပေါင်းနဲ့
အဝေးကရှောင် အထီးကျန်အောင်
လုပ်နေကြတယ်လေး
ဝိုင်းဝန်းကာလေး နှိပ်ကွပ်တော့
ရေနစ်နေသူ ကောက်ရိုးတစ်မျှင်
ရမယ့်မထင်
ရေထဲ နစ်နေလျှင်လည်း
သူ ရေထဲ နစ်သွားပြီးတဲ့

လှည်းတွန်း၍မရွေ့နိုင်ဘူးလား
ပြိုင်တူလျှင်ရွေ့နိုင်ပါသည်
ငယ်ငယ်က ကလေးဖတ်စာလား
ငါတို့အတွက် လူကြီးသင်ခန်းစာတွေလား။     ။

နရီထက်
( ၁၈ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 18, 2010
Comment #1

ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်….။
အားပမာဏ အချိန်အဆနှင့် နားလည်မှုတစ်ချို့တော့ လိုပါမည်…။
တစ်ခါတစ်ခါ လမ်းမှန်မဟုတ်ပေမယ့် အားသန်သန်နဲ့ ပြိုင်တူတွန်းနေကြတဲ့အခါ အရွှေ့တွေ နေရာမှားကုန်ကြတတ်တာတော့ ၀မ်းနည်းမိပါသည်…။
အထူးသဖြင့် နားလည်မှုသီအိုရီတစ်ချို့နဲ့ အမှားအမှန်တွေကို လမ်းကြောင်းပြောင်းတဲ့အခါများမှာပေါ့…။
အမှားတွေကို ခလုတ်တိုက်မိသလို
အမှန်တွေကို ခလုတ်တိုက်ရင်း လမ်းမှာ ချန်ထားခဲ့ရတဲ့အခါ
ကလေးဖတ်စာတစ်ချို့က
လူကြီးဘ၀မှာ သင်ခန်းစာတစ်ချို့အဖြစ်…။

commentinfo By: John Moe Eain at Jul 18, 2010
Comment #2

……………………………………….
ြိကိုက်တယ် အားပေးနေမယ်

commentinfo By: အသဲကွဲမိုး at Dec 2, 2010
Comment #3

တပုဒ်လုံးကြိုက်တယ်
အကိုကြီး

commentinfo By: myintmo at Dec 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment