Professional Authors

လှည့်စားကံကြမ္မာ (Kitty Yang)

မိုးကောင်းကင်ကြီးရယ်
ပက်ပက်စက်စက်ကိုပဲ
ငိုချလိုက်စမ်းပါ..
ကျွန်မမျက်ရည်မြေခတာကိုတော့
သူမမြင်စေလို။

မိုးကောင်းကင်ကြီးရယ်
အလွမ်းလျှပ်စီးတွေ
ပစ်ထဲ့လိုက်စမ်းပါ
အလွမ်းတေးတွေမကျယ်လောင်ခင်
ရင်ခုန်သံတွေရပ်တန့်ပါရစေ။

ရက်ရက်စက်စက်ပါပဲ
သူ့ပြုံးပန်းရနံတွေနဲ့မွှန်ရပြန်ပြီ
ဒီတစ်ခါပွင့်တဲ့ပန်းလည်း
သောကရောက်ရင်ရောက်ပါစေတော့
လှိုက်လှိုက်လှဲလှဲရူစားမယ်။

အနမ်းတစ်ပွင့်ချွေတဲ့နေ့က
အချစ်တွေလည်းပုံအောခဲ့တယ်
ဒါပေမယ့် တစ်သက်တာဝေးရမတဲ့
တစ်ခါကလောင်းကြေးထပ်ဖူးတဲ့ကံကြမ္မာရယ်
နောက်တဖန်လှည့်စားဦးမလို့လား။

အလွမ်းခါးခါးတွေနဲ့
သူထားရစ်ခဲ့တော့မှာလား..
တစ်နေ့မှာ ၂၄နာရီထဲသာ
သူ့ကိုကျွန်မရစ်မူးမိတာ
အေးခဲခဲနှလုံးသားပိုင်ရှင်
မဟုတ်ဖို့ အခါခါလည်း
ဆုတောင်းမိတယ်။

 3.May.2009 —

In: ကဗျာ Posted By: Date: May 30, 2009
Comment #1

ahatt… d kabyar lay ko yinn hnee par tel lo 😛

commentinfo By: Ei Mon Soe at May 30, 2009
Comment #2

ahatt ahatt.. kyote mhar new shi tay wu jar !_!

commentinfo By: Kitty Yang at May 31, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment