Follow us on Facebook Follow us on Twitter Subscribe RSS Feed

Professional Authors

PoemsCorner Authors

တည်သောဘ၀နှင်လမ်းခွဲ

နွေးသောအကြည့် ၊ရင်ထဲထိသည်
နောက်ဆိုငါလဲ၊လွမ်းနိုင်သည်
ခံစားဖြစ်တည်၊ရင်ခွင်ဆီကို
ကြွေဆင်းခြယ်မှုန်း၊ချစ်သက်ပြုံးက
နှောင်ရစ်တွယ်ငင်၊၀င်ခဲ့ ပြီ……..
ဘ၀လမ်းလဲကြမ်းပါသည်
အဆင်းကလဲနွမ်းပါသည်
သို့ သော်ငါ့ အချစ်လန်းပါသည်
ချစ်သူသိစေ၊ဆန္ဒထွေကို
ဖွင့် ဟပြောခွင့် ၊ရချင်မိလဲ
လူချင်းလည်းမဆုံဖြစ်နေပုံက
ခက်ခဲငါ့ မှာရှိသည်လေ……………
ကြမ်းသောဘ၀၊၀မ်းစာရအောင်
ရှာဖွေစားသောက်၊မုန်တိုင်းအောက်မယ်
လွမ်းလဲလွမ်းစေ၊စိတ်တွေလေလဲ
ရင်းစီးကျိတ်ခံ၊ဝေးခဲ့ ပြန်လဲ
ငါ့ လမ်းခရီး၊ဘ၀ကြီးမယ်
ချစ်လည်းဝေးဖို့ ဖန်လာတယ်

မင်းလူန

In: ကဗျာ Posted By: Date: Jul 17, 2010
Comment #1

ချစ်လည်းဝေးဖို့ ဖန်လာတယ်

commentinfo By: ............................ at Jul 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Contributors

Most Commentators

  • ei lay (11292)
  • အသဲကွဲမိုး (2666)
  • May Kha (1979)
  • poem.poem28 (1673)
  • လုလင်ငယ်သွေး (1112)