Professional Authors

အိမ်ကြီးမာယာ – နရီထက်

ခမ်းနားထည်ဝါခြင်းတွေလား
နန်းဆောင်ပြသာဒ်အလား
အိမ်ကြီးမာယာရယ်
တံခါးရယ်ဖွင့် လှမ်းကြည့်ခိုက်မူ
တိတ်ဆိတ်ခြင်းတွေလား
ကြောက်ရွံ့မှုတွေကြား
ခမ်းနားမှုနောက်
မလိုက်ရဲတဲ့ ခြေလှမ်းတွေလား

စူးစမ်းစိတ်ရယ် တားမရလေတော့
ခြေလှမ်းထက် သည်စိတ်ထွေရယ်
နံရံထက်က အိမ်ကြီးသခင်ပန်းချီကားကို
တစိမ့်စိမ့်နှင့်ကြည့်နေမိတယ်
အတွေးထဲလည်း အိမ်ကြီးသခင်အကြောင်း
လမ်းစပုံဖော်မိနေတယ်

ကြောင်လိမ်လှေကား
မတ်စောက်ကာထား
ခပ်သွက်သွက်ခြေလှမ်းတွေ
ရောက်မှန်းမသိ အခန်းငယ်တွေကို
လှည့်လည်မိတယ်
ခမ်းမဆောင်အတွင်းမှာ
နန်းရံကာ အဆင်အလှတွေရယ်
ခုံမြင့်မြင့်တစ်လုံးရယ်
နေရာယူထားတယ်

ငါစိတ်တွေ ထိန်းမရနိုင်
ကြောက်စိတ်တွေရယ်
စူးစမ်းစိတ်တွေရယ်
ခမ်းနားမှုတွေရယ်
ရဲရင့်မှုတွေရယ်
မသိခြင်းများစွာနှင့်
အိမ်ကြီးမာယာရယ်
နင် ငါ့စိတ်ကို တကယ်
ခြောက်လေသလား။      ။

နရီထက်
( ၁၇ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment