Professional Authors

ဘ၀ အလင်းရောင်

အမြတ်နိုးဆုံး..
တန်ဖိုးအထားဆုံး.. တဲ့
ရင်ထဲက မီးတောင်
ဟိုးအမြင့်ဆုံးထိပေါက်ကွဲ
တိမ်ငွေ့တွေလို
မျက်လုံးတွေ အခိုးရိုက်ခဲ့ ..

ရင်ထဲနွေးထွေးသွား..
ဒီစကားသံ
ဒီစကားလုံးတွေနဲ့
မင်းရဲ့ ဂရုစိုက်မှုတွေ
ဘယ်သူမှ မယှဉ်နိုင်
ကိုယ့်ကို နားလည်ပေးဆုံးသူ…

တူညီတဲ့ အနာဂတ်
တို့နှစ်ယောက်ရဲ့ပန်းတိုင်
လက်တွဲလို့ ရှေ့ဆက်မယ်
တစ်ယောက်ကို တစ်ယောက်
အားပေးလို့
မနက်ဖြန်ဆီ လျှောက်လှမ်းမယ်
အလင်းရောင်တွေ ဖြန့်ကျက်လို့
ငါ့ဘ၀..
လုံခြုံသွားခဲ့ပြီ…

h3mlock
5th July 2009

In: ကဗျာ Posted By: Date: Jul 5, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment