Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11636 masterpieces

Total Comments 34999 comments

Total Members3736 members

Total Authors975 pc authors

Follow US!

Followers
23
Fans
1,019
Subscribers
48

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ရေခဲပန်းနု (မောင်ချောနွယ်)

ခလုပ်ကလေးနှိပ်လိုက်ရင်
တိပ်ကြိုးခွေကသီချင်းထွက်လာမယ်
‘မင်းလက်ကလေးကို ကိုင်ချင်စမ်းလှတယ်’။

စက်ရုပ်လို
မလှုပ်ရှားချင်ပါဘူး
မုသားနိုင်ငံမှာ
အပြန်တရာသေပါစေ
အမှန်အတွက်တိုက်ပွဲဝင်မယ်။

သံလွင်မြစ်မျက်နှာပြင်မှာ
မောမြေရဲ့ရာဇ၀င်တွေ
ထင်ဟပ်ရဲပနေတယ်။

ရဲဘော်တို့သွေးဖြင့်
ချယ်ရီမွှေးလှပေရဲ့။

ထိုအတွေ့အမြင်
ဤယနေ့တွင်
ဩော်..ရင်ခုန်သံများ
ကြားပါစေ။

ကောင်းကင်ဘုံမှာ
အိပ်မပျော်ချင်ပါဘူး။

ဒီလောက
ဒီမြေကြီးပေါ်မှာပဲ
နှစ်နှစ်ခြိုက်ခြိုက်ကြီး
အိပ်ပျော်ချင်ပါတယ်။

ကျေးဇူးများစွာတင်ပါရဲ့
ဘုရားသခင်စောင့်ရှောက်တော်
မမူပါနဲ့။

သိရိခေတ္တရာ
ကဗျာဆရာလေးအသဲမှာ
ရေခဲပန်းနု
ယုယပါလော့ .. အိုအမေ။

ယန်စီမြစ်ရိုးမှ
လှေထိုးသူ့တေးကဗျာ
နားဝင်မှာငြိမ့်ညောင်းအောင်
တမ်းမက်ဟရာကောင်းလှပေတယ်။ ။

မောင်ချောနွယ်

/*ကဗျာဆရာ အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ်တို့ရဲ့  သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ ဆိုတဲ့ စာအုပ်ကပါ။။ အဲဒီစာအုပ်ကို ဘယ်ကနေ Download လုပ်ထားလဲဆိုတာ စဉ်းစားတာ လုံးဝစဉ်းစားလို့မရတော့ဘူးးးးး :( ။ အဲဒါကြောင့် စာအုပ်မှာပါတဲ့ ထုတ်ဝေမှုမှတ်တမ်းကို ပဲ ပြန်ပြီး Credit ပေးလိုက်ပါတယ်။။

ထုတ်ဝေမှုမှတ်တမ်း

 

မြန်မာကျူးပစ်စာစဉ် : ချစ်တဲ့ကဗျာ (၆)

ကဗျာပုဒ်ရေ : ၁၄ ပုဒ်

ထုတ်ဝေခြင်းး ပထမ အကြိမ်

ထုတ်ဝေကာလး ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ

အုပ်ရေး ကန့်သတ်မထား

စုစည်းသူး မနော်ဟရီ

မျက်နှာဖုံးပန်းချီး မောင်ဒီ

အတွင်းပန်းချီး ဘိုကြည်

စာအုပ်အပြင်အဆင်း ကိုထက်

*/

Comment #1

ဒီဆိုက်ကလေးဟာ .. တကယ် အဖိုးတန်ဆိုက်ကလေးပါ…။
ကဗျာကောင်းတွေအများကြီးနဲ့.. ရက်လုပ်ထားတဲ့ အိမ်လို့တောင် တင်စားချင်တယ်…။
တည်ဆောက်ခဲ့သူများကို ကျေးဇူး အထူးတင်ပါတယ်…။
မောင်ချောနွယ် လက်သစ်ဖြစ်တဲ့ စိုင်းဝင်းမြင့်ကိုလည်း .. ဝေေ၀ ဆာဆာနဲ့ ဒီဆိုက်ပေါ်မှာ မြင်တွေ့ လိုပါကြောင်း…။

commentinfo By: နေရင့် at Sep 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3971)
  • အသဲကွဲမိုး (1957)
  • May Kha (1481)
  • poem.poem28 (1310)
  • လုလင်ငယ်သွေး (1112)