Professional Authors

ရေချိုးပြီးစ (အောင်ချိမ့်)

ပြီးရင်
ခန်းစီးနားကွယ်လို့
ငယ်ရွယ်သူတို့ဘာသ
ရင်ခုန်သံလွလွလေးကို
မျှော်မယ်။
‘ကြည့်စမ်းကွယ်
သူဒီနေ့
မနေ့ကထက်လှနေတယ်’
ဖြတ်သွားသူတွေပြောလိမ့်မယ်။

အရောင်အသွး
အမွှေးအထုံ
အလှဗေဒနဲ့မှုံသ
မှန်ခုံကသူထလိုက်ပါပြီ။

ဟုတ်တယ်
ရေချိုးပြီးတယ်ဆိုရင်
ဘယ်လိုပဲဖြစ်ဖြစ်
ဒါ .. ဖြစ်သင့်တယ်။

နုပျိုဆဲမှာ
အသက်သွေးပူနွေးဆဲမှာ
ရင်ခုန်သံသန်မာဆဲမှာ
ဒါဖြစ်သင့်တယ်။
ကျန်းမာရေးကောင်းသူတွေ
ရေချိုးကြပါတယ်။

တခါရေချိုးပြီးစ
တခါလှပါတယ်
ဘယ်နှစ်ခါချိုးချိုး
ရိုးသွားမယ့်အလုပ်
ဘယ်ဟုတ်လိမ့်မလဲ။

သူတော်စင်တို့စကားတော့
နားမယောင်ကြလေနဲ့
နွေမှာ၊မိုးမှာ
ဆောင်းမှာ
ရေချိုးကြပါလေ။

တကယ်တော့သိလား
အမာရွတ်မျက်နှာသနပ်ခါးလိမ်းလို့ကော
နာတာရှည်ရောဂါသည်ရေမွှေးဆွတ်
မုဆိုးမကမူပြပစေ
အသေကောင်ရေချိုးရင်လဲ
အပိုပါဘဲ။

ရိုးသားမှုနဲ့
တတ်စွမ်းနိုင်တာပြုလုပ်
ကျွန်ုပ်တို့ရေချိုးကြရအောင်။ ။

အောင်ချိမ့်

/*ကဗျာဆရာ အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ်တို့ရဲ့  သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ ဆိုတဲ့ စာအုပ်ကပါ။။ အဲဒီစာအုပ်ကို ဘယ်ကနေ Download လုပ်ထားလဲဆိုတာ စဉ်းစားတာ လုံးဝစဉ်းစားလို့မရတော့ဘူးးးးး 🙁 ။ အဲဒါကြောင့် စာအုပ်မှာပါတဲ့ ထုတ်ဝေမှုမှတ်တမ်းကို ပဲ ပြန်ပြီး Credit ပေးလိုက်ပါတယ်။။

ထုတ်ဝေမှုမှတ်တမ်း

 

မြန်မာကျူးပစ်စာစဉ် : ချစ်တဲ့ကဗျာ (၆)

ကဗျာပုဒ်ရေ : ၁၄ ပုဒ်

ထုတ်ဝေခြင်းး ပထမ အကြိမ်

ထုတ်ဝေကာလး ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ

အုပ်ရေး ကန့်သတ်မထား

စုစည်းသူး မနော်ဟရီ

မျက်နှာဖုံးပန်းချီး မောင်ဒီ

အတွင်းပန်းချီး ဘိုကြည်

စာအုပ်အပြင်အဆင်း ကိုထက်

*/

Comment #1

ထိမိပါပေတယ် ကျေးဇူးတင်ပါတယ် တင်ပေးသူများကို

commentinfo By: Khin maw at May 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment