Professional Authors

ဝေဒနာပြတိုက် (၂)

ရောဂါ အနာဘယ ထူပြောလွန်းလှတယ်။

အချစ် ကင်ဆာ

အလွမ်း တုတ်ကွေး…နဲ့..

မင်း ရဲ့ ခပ်ဝေးဝေးမှာ သေလုမြောပါး…

အဆွေး ဒီကရီ ၁၅၀၀ နဲ့ကောင်..။

ခေတ်ရဲ့ စနစ်ရဲ့ ဆေးခါးရည်တွေကြား

မကြာခဏ ဖျားနာဖူးတဲ့ လူ….။

အချစ်စစ် နဲ့ဖော်ထားတဲ့ ဆေး

အသုံးမကျမှန်း ကိုယ်လဲသိမိလာတယ်။

ရန်ကုန်မှာ ချယ်ရီတွေ မပွင့်မှန်းသိပေမဲ့

ကိုယ့် လက်ကျန် အလွမ်းလက်တစ်ဆစ် ကတော့

မင်းကို ချစ်နေကြောင်း ပွင့်အာပြလို

ဝင်သက်..

ထွက်သက်….ကြား

မင်းမျက်နှာ ညိုးမှာ စိုးရင်းနဲ့ပဲ..

…………………………ကောင်

In: ကဗျာ Posted By: Date: Jul 15, 2010
Comment #1

ကောင်းတယ်
ဒါပေမဲ့ ဝေဒနာထက်
ရောဂါသည် နဲ့ပိုတူတယ်
😀
လာအားပေးသွားတယ်

commentinfo By: chocolate at Aug 4, 2010
Comment #2

အငွေ့ကဗျာတိုင်းလိုလို..နှစ်သက်တယ်

commentinfo By: အသဲကွဲမိုး at Jul 3, 2011
Comment #3

wow,,,
lone wa lan de.

commentinfo By: ei lay at Aug 14, 2011
Comment #4

အချစ် ကင်ဆာ

အလွမ်း တုတ်ကွေး…နဲ့..

မင်း ရဲ့ ခပ်ဝေးဝေးမှာ သေလုမြောပါး…

အဆွေး ဒီကရီ ၁၅၀၀ နဲ့ကောင်..။

ခေတ်ရဲ့ စနစ်ရဲ့ ဆေးခါးရည်တွေကြား

မကြာခဏ ဖျားနာဖူးတဲ့ လူ….။

အချစ်စစ် နဲ့ဖော်ထားတဲ့ ဆေး

အသုံးမကျမှန်း ကိုယ်လဲသိမိလာတယ်။

commentinfo By: sone.pyuu at Feb 20, 2012
Comment #5

like so much that read 3 times

commentinfo By: ei lay at Feb 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment