Professional Authors

ဖွင့်ဟပေးပါ

သုံးနေကျ စကားလုံးတွေနဲ့
မင်း ရက်စက်လိုက်စမ်းပါ
ငါ့ကိုမုန်းတယ်ဆို
ခုမှ ဘာလို့လွမ်းနေမလဲ
မင်းဝမ်းနည်းမှာဆိုးလို့ပါ
ပေးနေကျ မျက်စောင်းလေးတွေနဲ့
မင်း စိမ်းကားလိုက်စမ်းပါ
ငါ့ကို ကြည့်မရဘူးဆို
ခုမှ ဘာလို့ ရှာနေမလဲ
မင်း ပင်ပန်းမှာဆိုးလို့ပါ
အလွမ်းတွေကို ပေးနေကျ
မင်းဆီက ငါ့တွက် မေတ္တာဆိုတာ
ပေါ်လာတဲ့ ဒီလိုနေ့မှာ
ခုလို ငါလေ
အမုန်းတွေကို ပေးနေကျ
မင်းဆီက ငါ့တွက် အချစ်ဆိုတာ
ပေါ်လာတဲ့ ဒီလိုနေ့မှာ
ခုလိုငါလေ
မေ့လိုက်ပါချစ်သူ
ဒီဘဝက အချစ်တွေကို သိမ်းဆည်း
ငါရှိနေမယ့် နောက်ဘဝမှာ
မင်းရောက်လာမယ့်တနေ့
ဇွင့်ဟပေးပါ………
…………………မြူမင်းသွင်

In: ကဗျာ Posted By: Date: Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment