မတော်တဆ .. ဆိုတော့ (ဖြိုးဖြိုး)
တစ်ခါတလေ တော့လည်း
ပုံပြင်တွေထဲကလို
ငါလည်း ကျိန်စာတွေသင့်နေချင်တော့တာပဲ
…ဆိုတော့
အားလုံးဟာ….မတော်တဆပါတဲ့..
မတော်တဆပဲနေမှာပါ
ငါလွှတ်ပေးလိုက်တဲ့ လက်တစ်စုံမှာ
အိပ်မက်တွေ
ပျော်ရွှင်ခြင်းတွေ
မျှော်လင့်ခြင်းတွေပါ… ပါသွားခဲ့တာ..
ပစ်ချခဲ့တဲ့
ငါ့ကမ္ဘာမှာ
ငါ့ကဗျာတွေ
တမ်းချင်းတွေချည်း ဖြစ်နေတော့မှာလည်း
မတော်တဆပါပဲ ချစ်သူ..
မျက်ဝန်းနက်နက်တွေကို
ကဗျာတစ်ပုဒ်လိုဖတ်လို့
ငါ့အတွက်ပဲဆိုပြီး
ရှည်ပေးဖူးတဲ့ မင်းဆံနွယ်တွေနဲ့
ရက်ခဲ့ဖူးတဲ့ ငါ့အနာဂတ်တို့
မပြီးဆုံးနိုင်တော့မှာလည်း မတော်တဆပါပဲ ချစ်သူ..
.. ဆိုတော့
ငါ့တစ်ဘ၀စာနဲ့ညီမျှတဲ့
မင်းပြောတဲ့ မတော်တဆတွေအားလုံး ခေါင်းအုံးအဖြစ်ချုပ်လို့
မတော်တဆ မင်းပြန်လာမယ့်အချိန်ထိ
ငါ့နှလုံးသားလေးပဲ ကာလနဂါး လုပ်ခွင့်ပြုတော့ ။ ။
{June 5, Saturday, 2010 >> 1:00 AM,} ဖြိုးဖြိုး (:
Comment #6
မတော်တဆ ပိုက်ဆံလေး ချေးပါ အုံးလား …. အရင်အကြွေးတွေ မတော်တဆ မေ့ရင်းနဲ့ပေါ့ …
By: aunglay at Aug 21, 2010
Comment #8
ဆော်တီး…ချလုံးပေါင်းမှားတွားဒယ်…..(မီးမီးကခလေးဆိုဒေါ့)
မတော်မဆပါပဲလို့ရေးတာ…..အဟိ
By: Ema Yar at Aug 21, 2010
Comment #9
အယ်..ထပ်မှားပြန်ပြီ….ဒွတ်ခပဲဖြိုးဖြိုးရေ။။။။
မတော်တဆလို့ရေးတာပါဆို…..သူများမှားတော့
ကွန်ကမြန်လိုက်တာ..လိုက်ဖမ်းလို့တောင်မရဘူးးးးးးးးးးးးးး
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးတယောက်ထဲကိုရှုပ်ရှပ်ခတ်သွားတာပဲ….။။။
By: Ema Yar at Aug 21, 2010
Comment #14
Mi Phyo Wai Wai Ohn,
Add me at gtalk and Contact me !
By: Kyi Thar at Dec 10, 2010
Comment #16
တမင်တကာ
ဝင်လာပြီးဖတ်ဖြစ်သွားတယ်
ရင်မှာ
အစဉ်သာ
ခင်မှာ(ကဗျာကို)
…………………
ကြိုက်တယ်။
ကဗျာချစ်သူတွေနဲ့ ခင်ချင်တယ်
ကျနော့ ကိုလဲအပ်ပေးပါ။။။။။။။။။။။။။။။
မင်းလူန
By: မင်းလူန at Dec 11, 2010
Comment #21
ကဗျာလေး တော်တော် ကောင်းတယ်ဗျ။ တကယ်ကို သဘောကျလို့ ကွန်မန့် ပေးဖြစ်တာပါ။ ကျွန်တော်က ဝင်ဖတ်ဖြစ်ပေမဲ့ ကွန်မန့် ပေးဖြစ်တာ ရှားပါတယ်။ ဒီကဗျာကိုတော့ တော်တော် ကြိုက်တယ်။
ချီရွန် ( ပုလဲ )
By: ChIr0N at Sep 3, 2011




11613 masterpieces
34816 comments
3729 members
974 pc authors
Comment #1
ငါ့တစ်ဘ၀စာနဲ့ညီမျှတဲ့
မင်းပြောတဲ့ မတော်တဆတွေအားလုံး ခေါင်းအုံးအဖြစ်ချုပ်လို့
ကိုယ်ကိုကိုယ်သနားလာပြီ