Professional Authors

ငှက်တစ်ကောင်ရဲ့ ဒိုင်ယာရီ

အချိန်တန်ခဲ့ပြီ…

အလည်လွန် သင်းကွဲငှက်ရဲ့ အိမ်ပြန်ချိန်

ဒီလောက်တော့ မခါးသက်သင့်ဘူး

ဖြတ်သန်းခဲ့သမျှမိုင်တွေ…

ရှေ့တစ်လှမ်းတိုးဖို့ အားပေးဖူးသလို

နောက်တစ်လှမ်းဆုတ်ဖို့အထိလည်း

အားလျော့စေခဲ့တယ်

မုန်းတိုင်းထဲမှာ ကျရှုံးရမယ့်အဖြစ်ကို

သူမလိုချင်ပါဘူး

အေးချမ်းတဲ့မိုးစက်နဲ့တော့

ဆေးကြောလှဲ့ပါ

ပျံသန်းရင်းလည်း ကျရှုံးဖူးတာပဲ

ပြန်ထဖို့ကြိုးစားရင်းလည်း ဖြစ်နိုင်ခဲ့တာပဲ

ဒါပေမယ့် အမည်းရောင်နာမည်တစ်ခု

သူ့အတွက်ရှိနှင့်နေပြီ

တောင်ပံကျိုးတဲ့

ပြောင်းလဲဖို့ကြိုးစားချိန်မှာ

မပြောင်းလဲတဲ့အမြင်နဲ့သူတွေကြောင့်

သူအားမလျှော့ပါဘူးလေ

တောင်ပံတစ်ခါခတ်တိုင်း

လဲကျခဲ့တဲ့နေရာနဲ့ကွာဝေး

နွေးထွေးတဲ့သူ့အသိုက်အမြုံနဲ့

နီးကပ်လာခဲ့ပြီကိုး…


People could have different views. Feel free to perceive in your own way. 🙂

In: ကဗျာ Posted By: Date: May 30, 2009
Comment #1

တောင်ပံကျိုးတဲ့ ပြီးတော့ တိုးလို့ တန်းလန်းကြီး

သူလေးလည်း ကဗျာရေးတာ ခုမှ သိတယ်။ မိုက်ပါ့ မိုက်ပါ့

commentinfo By: အရဲ at May 30, 2009
Comment #2

အစ်မဒေါ်ရဲ… ကဗျာကိုသေချာဖတ်လေကွယ်… ရေးတဲ့သူက ဖီးလ်လေးနဲ့ရေးထားတာ… တောင်ပံကျိုးတဲ့ဆိုတာက အပေါ်ကအမည်းရောင်နာမည်ဆိုတာကို ပြန်ပြီး ရည်ညွှန်းထားတာပါ… 🙂

commentinfo By: Ei Mon Soe at May 30, 2009
Comment #3

lol.. hehe.. thi bu lay jar.. my bad.. 😀

commentinfo By: အရဲ at May 30, 2009
Comment #4

ဟားဟား… ဟုတ်ပါပြီဂျာ… ရပါတယ်

commentinfo By: Ei Mon Soe at May 30, 2009
Comment #5

မမကလန်းတယ်.. ကဗျာပြောပါတယ်.. အဟိ.. 😛

commentinfo By: Kitty Yang at May 30, 2009
Comment #6

ကောင်းတယ်ကွာ … တော်တော်လေးကို ကောင်းတာ
အိမွန်က တော်တယ်

commentinfo By: harry at May 30, 2009
Comment #7

ကျေးဇူးတင်ပါတယ် ကိုဟယ်ရီ 🙂

commentinfo By: Ei Mon Soe at May 30, 2009
Comment #8

kyi san.. nga` ko kya kyay zu tin bu.. phet lote phaw tar ya wu!!>.<

commentinfo By: Kitty Yang at May 31, 2009
Comment #9

ahatt… chit lay kitty yel… nyee nae kyote nae ka pyaw ya mae thu tway ma hote tar 😛 mwah mwah… pyoot pa loot 😛 hat hat hat

commentinfo By: Ei Mon Soe at May 31, 2009
Comment #10

It’s touchy one.

Just that ဒိုင်နိုစောက ဌက်နေရာမှာ ဘယ်လိုဝင်ပြီး ခံစားထားသလဲဆိုတာပဲ သိချင်တာ။ မျိုးဆက်ခြင်းအရ ဆိုရင်တော့ နည်းနည်းတူနိုင်ပါတယ်။ ဒိုင်နိုစောပြန်တွေလဲ ရှိတာပဲလေ။

commentinfo By: thettwe at May 31, 2009
Comment #11

ဒိုင်နိုစောပြန်မဟုတ်ဘူး… ဒိုင်နိုစောပျံ… အသက်ပဲဒီလောက်ရှိပြီ… စာလုံးပေါင်းကို မှန်အောင်ပေါင်း 😛

commentinfo By: Ei Mon Soe at May 31, 2009
Comment #12

ဟ .. typo par ဒိုင်နိုစောပျံရ .. မှားတဲ့အခါလဲ .. မှားမပေပေါ့ (ဦးရှံစား အသံဖြင့်ဖတ်ရန်)

commentinfo By: thettwe at May 31, 2009
Comment #13

အဟတ်… ဦးရှံစားကို တစ်သက်နဲ့တစ်ကိုယ် ဘယ်တုန်းကမှ မကြားဖူးခဲ့လို့ ကိုယ့်အသံနဲ့ကိုယ်ဖတ်လိုက်တယ် 😛

commentinfo By: Ei Mon Soe at May 31, 2009
Comment #14

ems nick မိုက်ပါ့ ဒိုင်နိုစောပျံတဲ့.. အဟတ် 😛

commentinfo By: အရဲ at May 31, 2009
Comment #15

အိမွန်ကနေ ဘယ်လိုဘယ်လို အသွင်ပြောင်းပြီး ဒိုင်နိုဆောဖြစ်သွားရတာလဲ

commentinfo By: harry at May 31, 2009
Comment #16

အဟတ်… သူကြီးရဲ့ကောင်းမှုနဲ့ပါ… ဒိုင်နိုဆောဖြစ်သွားတာ…

commentinfo By: Ei Mon Soe at May 31, 2009
Comment #17

ဟီး.. ems ကဗျာ အခုမှ ဖတ်ရတယ်..
ချောတီး ချောတီး for နောက်ကျ ဖတ်ခြင်း..

ပြောသာပြောရတယ်
တော်တော်မိုက်တာပဲ ကဗျာလေးက..
မယ်တိုက်မယ်တိုက်
တွေးရင် တွေးသလောက်ရတယ်..
ကောင်းမှကောင်း
ems ကွ

commentinfo By: h3mlock at Jun 3, 2009
Comment #18

တောင်ပံတစ်ခါခတ်တိုင်း

လဲကျခဲ့တဲ့နေရာနဲ့ကွာဝေး

နွေးထွေးတဲ့သူ့အသိုက်အမြုံနဲ့

နီးကပ်လာခဲ့ပြီကိုး…

commentinfo By: အသဲကွဲမိုး at Feb 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment