Professional Authors

လွမ်းပါတယ်တဲ့… ခေါင်းစဉ်က

ဒါကတော့ လွန်ခဲ့သော ရူးခဲ့စဉ်အချိန်ကာလက ရေးထားတာပါ… အခုတော့လည်း ပြန်ဖတ်တိုင်းကိုယ့်ကိုယ်ကို စိတ်တိုနေရတယ်… ဟီးဟီး… အရင်ကတော့ Facebook မှာ တင်ထားတာပါ… ဘာပဲဖြစ်ဖြစ် Share လိုက်ပါတယ်… ဖတ်ပြီး ဘယ်လိုပဲခံစားရခံစားရ ရေးချင်ရာရေးခဲ့ပါ… 😛

လွမ်းပါတယ်…
လွမ်းပါတယ်ဆိုလို့ စိတ်ထဲကမပါပဲ ပြောသလို ဖြစ်ချင်လည်းဖြစ်နေမှာပေါ့လေ…
ဒါပေမယ့် လွမ်းခွင့်မရှိသလို လွမ်းဖို့မသင့်တဲ့သူရဲ့အဖြစ်ကို ဘယ်သူကမြင်နိုင်လို့လဲ

လွမ်းပါတယ်…
အချိန်တိုင်း စက္ကန့်တိုင်းမဟုတ်ရင်တောင် အတွေးတစ်ခုရဲ့အစဟာ ရှင်ပဲအမြဲဖြစ်နေတယ်…

လွမ်းပါတယ်…
မမြင်ရလို့လွမ်းပေမယ့် မြင်ရရင်ပိုလို့လွမ်းမိတဲ့ ကိုယ့်ကိုယ်ကိုလည်း နားမလည်နိုင်ဘူး…

လွမ်းပါတယ်…
မလွမ်းတော့ဘူးလို့ ဆုံးဖြတ်ဖြစ်တာလည်း အကြိမ်ကြိမ်ပေါ့… မအောင်မြင်တဲ့အတွက်တော့ ယိုင်နဲ့နဲ့နှလုံးသားကို အပြစ်မတင်ပါနဲ့…

လွမ်းပါတယ်…
သူရောလွမ်းနေမလားလို့ ရူးမိုက်မိုက်ထင်မြင်ချက်တစ်ခုနဲ့ ရှင်သန်နေပါရစေ…

လွမ်းပါတယ်…
သိပ်မကျယ်ပြန့်လှတဲ့ စင်ကာပူမြစ်နားမှာထိုင်နေရင်း တစ်ချိန်က ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်ရဲ့ မြင်ကွင်းကတော့ အတွေးထဲမှာ ကျယ်ပြန့်လို့နေတယ်…

လွမ်းပါတယ်…
လွမ်းပါတယ်လို့ ပထမဆုံးနဲ့ နောက်ဆုံး (အခုချိန်ထိပေါ့) ဖွင့်ပြောခွင့်ရခဲ့တဲ့ တင်္ဒဂလေးကို…

လွမ်းပါတယ်…
တစ်သက်လုံးပိုင်ဆိုင်ခွင့် မရှိခဲ့တဲ့ မရှိနိုင်သေးတဲ့ မရှိနိုင်တော့မယ့် သူတစ်ယောက်ကို…

လွမ်းပါတယ်…
နှလုံးသားတစ်ခုကို လွယ်လွယ်ကူကူနဲ့ ပစ်ပစ်ခါခါလျစ်လျူရှုနိုင်တဲ့ သူတစ်ယောက်ကို…

လွမ်းပါတယ်…
အိပ်မက်ထဲမှာတောင် ယောင်ယောင်ပြီး ခဏလေးပါလို့ ခွင့်သွားသွားတောင်းမိနေတဲ့ သူတစ်ယောက်ကို…

လွမ်းပါတယ်…
သူစာကျက်လို့ရရုံသက်သက်နဲ့ နှလုံးသားတစ်ခုကို အကျဉ်းချပြီးလွမ်းနေတယ်…

လွမ်းပါတယ်…
မျှော်လင့်ခြင်းပေါင်း မြောက်များစွာနဲ့ တစ်နေ့တစ်နေ့ အသက်ရှင်မှဖြစ်မယ်ဆိုတဲ့ စိတ်မျိုးတွေရှိစေခဲ့တဲ့ သူ့ကိုပေါ့…

လွမ်းပါတယ်…
မုန်းလို့မရအောင် မြတ်နိုးမိပြီး မေ့လို့မရအောင် တမ်းတနေမိတယ်…

လွမ်းပါတယ်…
ကိုယ့်ကိုယ်ကို မိန်းကလေးပါလားလို့တောင် တစ်ခါတစ်ရံ မေ့နေလောက်တဲ့အထိ အရေးဆိုတတ်အောင် သင်ပေးခဲ့တဲ့သူအတွက်…

လွမ်းပါတယ်…
မဖြစ်နိုင်တဲ့အကြောင်းကို နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြီးပြောနေတဲ့သူတစ်ယောက်ကို…

လွမ်းပါတယ်…
လွမ်းပါတယ်ဆိုတဲ့စကားတိုင်းရဲ့ အနောက်မှာ သက်ပြင်းချသံတွေ ကပ်ပါတဲ့အထိပေါ့…

လွမ်းပါတယ်…
သူ့အကြောင်းကိုပဲတွေးပါလို့ ပြောစရာမလိုလောက်အောင်ကို အချိန်ပြည့်သူ့အကြောင်းကို တွေးနေမိတယ်…

လွမ်းပါတယ်…
အတ္တကြီးတဲ့ကျွန်မအတွက် အတ္တဆိုတာမရှိတဲ့အထိ သူ့အတွက်ဆိုပထမဆုံး စဉ်းစားမိတာပါ…

လွမ်းပါတယ်…
ဘဝရဲ့နေ့ရက်တိုင်းကို အလွမ်းနဲ့ အဆုံးမသတ်ချင်ပေမယ့် ရွေးချယ်ခွင့်မှ မရှိပဲလေ…

လွမ်းပါတယ်…
အကျိုးအကြောင်းတိုက်ဆိုင်လို့ ဒီစာကိုဖတ်မိရင်တောင် ဘာတွေရေးထားတာလဲကွာ ရူးလိုက်တာဆိုပြီး စိတ်ရှုပ်ရှုပ်နဲ့ window ကိုပါ ပိတ်ချချင်ပိတ်ချလိုက်နိုင်တဲ့ သူတစ်ယောက်ကိုပါ…

လွမ်းပါတယ်…
မျက်နှာချင်းဆိုင်ပြောလို့ မဖြစ်တဲ့အခြေအနေမို့ facebook ကနေ မဝံ့မရဲ့နဲ့ ကြွေးကြော်မိတာကို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း… ပျော်ရွှင်ရမယ့်နေ့ရက်ကလေးကိုလည်း တောင့်တရင်းပေါ့…

EMS

In: ကဗျာ Posted By: Date: May 29, 2009
Comment #1

မယ်တိုက် .. မယ်တိုက်.. :clapping:

commentinfo By: h3mlock at May 29, 2009
Comment #2

ဟီးဟီး… ကျူးဇေး ကျူးဇေး 😀

commentinfo By: Ei Mon Soe at May 29, 2009
Comment #3

လွမ်းပါတယ် …

commentinfo By: harry at May 29, 2009
Comment #4

လွမ်းပါတယ် …
ဒီထဲက တိုက်ဆိုင်မှုစာသားအချို့ကို
ယူလည်းသွားတယ် ခွင့်ပြုပါ

commentinfo By: poht at Jun 15, 2010
Comment #5

taw lite tar. takal pr! comming soon what u wanna at this day, i wish!

commentinfo By: pyartho at Jun 28, 2010
Comment #6

ကောင်းပါတယ်

commentinfo By: နွယ်လေး at Jul 31, 2010
Comment #7

လွမ်းပါတယ်…
အချိန်တိုင်း စက္ကန့်တိုင်းမဟုတ်ရင်တောင် အတွေးတစ်ခုရဲ့အစဟာ ရှင်ပဲအမြဲဖြစ်နေတယ်…
လွမ်းပါတယ်…
သူရောလွမ်းနေမလားလို့ ရူးမိုက်မိုက်ထင်မြင်ချက်တစ်ခုနဲ့ ရှင်သန်နေပါရစေ…
လွမ်းပါတယ်…
အတ္တကြီးတဲ့ကျွန်မအတွက် အတ္တဆိုတာမရှိတဲ့အထိ သူ့အတွက်ဆိုပထမဆုံး စဉ်းစားမိတာပါ…
ဒီစားသားတွေကောင်းတယ်…..
တစ်ပုဒ်လုံးလည်းကောင်းတယ်…..။

commentinfo By: ကေသရီ at Apr 28, 2011
Comment #8

မလွမ်းချင်ဘူး…..ဘာလုပ်ရမလဲ

commentinfo By: kaungkinsoe at Nov 19, 2011
Comment #9

very good

commentinfo By: meso at Dec 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment