Professional Authors

လှုပ်နှိုးမိတဲ့ အမှောင်ရောင်

ငါ့ရိုးသားမှု ကိုယ်တိုင်စားသုံးကြည့်လိုက်တော့
ခါးလွန်းလို့ ထွေးထုတ်ပြစ်ရတယ်
အိမ်မက်တောင် အခွံချည်းပဲ သက်သက်ပိုင်ဆိုင်ထားရတာ
ကိုယ်ပိုင် ငြိမ်သက်ခြင်းနဲ့ တည်ငြိမ်နေတာကို
သတိရခြင်းတွေ အမှတ်တရတွေက ခဏခဏ လာ ခလုတ်တိုက်နေတယ်
ကိုယ်တိုင်မျောပါနေတဲ့ အသဲကွဲခြင်းမှာ
ငါ့ကို ကောက်ရိုးတမျှင်ပေးမယ့် သူကို ရှာနေဆဲမှာ
သေဒါဏ်အချခံရတယ်
ဒီနေရာကနေ ထွက်ပြေးသွားပေမယ့်လဲ
ငါမင်းကို ပြောချင်တဲ့ စကားတွေ နေရာအနှံ့မှာ
ရောက်နေတော့လဲ …………..
ကောင်မလေးရေ………………………………..
ပြန်ခဲ့ပါ ……….
နင်မရှိတော့ ငါ့ကို အားငယ်စိတ်တွေက ခဏခဏ ရန်လာစနေကြတယ်……..

In: ကဗျာ Posted By: Date: Jul 10, 2010
Comment #1

good . i like it so much

commentinfo By: lwanhlainge at Jul 10, 2010
Comment #2

အားငယ်စိတ်က ခနခန ရန်စနေရင် ဖိုက်လိုက်လေ

သူ့ကို အနိုင်ယူလိုက်ပြီးကောင်မလေးကိုစောင့်ပေါ့

commentinfo By: chocolate at Aug 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment