Professional Authors

စည်း……………………..

ခြင်တစ်ကောင်
ဖင်ထောင်လို့ ငါ့ ကိုကိုက်
ရိုက်လိုက်ရသေတော့ မယ်
သွားတော့ ခြင်ရယ်……………….
…………………………………….
သက်ဆိုးရှည်
ကြာကြာနေနိုင်ဖို့ 
ရသလောက်စုပ်ယူမယ်
ရိုက်နဲ့ လေကွယ်………………..
………………………………….
အားအင်ပြည့် 
ရပ်တည်နိုင်ရင်လဲ
ပျံပါတော့ ခြင်လေးရယ်
ယားလှတယ်ကွယ်…………….
…………………………………
အရသာချို
ချိုမြိန်လှလေတော
ပျံနိုင်ဖို့ အိုဝန်လေး
ခဏစောင့် ပေး…………………
………………………………….
ခုထက်ထိ
မပျံနိုင်သေး
စပ်ဆုပ်ဖွယ်ဒီခြင်မိုက်
ဟော့ ဒီလိုရိုက်
ဗြန်း………………….

                                 မင်းလူန

In: ကဗျာ Posted By: Date: Jul 9, 2010
Comment #1

ကဗျာစာသားထက် ကဗျာရေးသူရဲ့စိတ်က ပိုချစ်ဖို့ကောင်းပါတယ်….

commentinfo By: ............................ at Jul 9, 2010
Comment #2

ကြင်နာတတ်တယ်နော် ကဗျာဆရာက…………..

commentinfo By: yuki at Aug 29, 2010
Comment #3

he,he,,
rofl.
😛
😛

commentinfo By: ei lay at Jun 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment