Professional Authors

မျှော်လင့်ခြင်း

မျှော်လင့်ခြင်းကိုမုန်းတတ်သူ
ကျွန်မဘ၀ကိုမျှော်လင့်ခြင်းနဲ့
ရှင်သန်စေခဲ့သူရေ
သူ့အပြုံးတွေကြောင့်ယစ်မူးဖူးတယ်
သူ့မျက်ဝန်းနက်တွေနဲ့
တစ်ချက်လှမ်းကြည့်လေတိုင်း
အတိုင်းအဆမရှိရင်ခုန်ဖူးတယ်
ချိုသာတဲ့သူ့ရယ်သံတွေကို
ငါ့နှလုံးသားရဲ့နေရာတိုင်းမှာ
သူမသိအောင် record လုပ်ဖူးတယ်
အချိန်တိုလေးအတွင်းမှာ
မယုံနိုင်လောက်အောင်ချစ်မိဖူးတယ်
ဒါတွေဟာပုံပြင်မဟုတ်ဘူး
မမျှော်လင့်တတ်သူရဲ့လျှို့ဝှက်ခြင်းတွေ
သူသိမှာမဟုတ်ဘူး
သူသိအောင်လည်းဖွင့်ပြောမှာမဟုတ်ဘူး
ငါ့မှာမာနတော့နည်းနည်းရှိသေးတယ်
ဒီတော့ငါလုပ်နိုင်တာက
တိတ်တိတ်လေးမျှော်လင့်နေမယ်
သူချစ်လာမဲ့တစ်နေ့ကို
မျှော်လင့်ခြင်းတွေအားလုံး
သူ့အတွက်ပေးခဲ့လေတော့
အခြားဘယ်အရာကိုမှမမျှော်လင့်တော့ဘူး
အလိမ်အညာမဟုတ်ဘူး
အမှန်အကန်ပါချစ်သူ
မင်းချစ်လာမဲ့နေ့ကို
တိတ်တိတ်လေးမျှော်လင့်နေမဲ့
ကောင်မလေးတစ်ယောက်ရှိတယ်
မျှော်လင့်ခြင်းများစွာနဲ့ပေါ့…………….
In: ကဗျာ Posted By: Date: Jul 8, 2010
Comment #1

ဆက်မျှော်လင့်ပါ။ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောမလဲ။

commentinfo By: scarlet at Jul 11, 2010
Comment #2

min chit lar mae nay. ko ma mhore lint par buu min pyan lar mae nay. ko mhore nay tae thu par loz pyaw payy par naw…………..

commentinfo By: tomatoes at Jul 31, 2010
Comment #3

one sided love?

commentinfo By: Nandar at Sep 6, 2010
Comment #4

မျှော်လင်.ချက်တွေဖြစ်လာပါစေ

commentinfo By: moe at Sep 16, 2010
Comment #5

ခံစားချက် ချင်း တူတဲ့လူကို ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး မျှော်လင့်ချက်ပြည့်ပါစေ

commentinfo By: Gipsy Lay at Dec 14, 2010
Comment #6

ဆုတောင်းပေးသွားပါတယ်နော် … 🙂

commentinfo By: chityellusoelay at Aug 18, 2011
Comment #7

so so nice

commentinfo By: ei lay at Dec 11, 2011
Comment #8

thank u,my fris

commentinfo By: florencethu at Dec 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment