Professional Authors

ချာတိတ်ကလေး တစ်ယောက် အကြောင်း (မင်းခိုက်စိုးစန်)

(၁)
ကျွန်တော်ဟာ “မမ” ရဲ့ နွားကလေးတစ်ကောင်ပေါ့၊

နစ် ချင်လွန်းလို့
ရေတိမ်တိမ်ကိုမှ လိုက်ရှာခဲ့တာပါ။

(၂)
အဝေးပြေးလမ်းမကြီး တစ်ခုလုံး ရင့်မှည့်နေခဲ့ပြီ
ကျွန်တော် … အိမ်ကို ဘယ်လို ပြန်ရမှာလဲ ?

(၃)
ငယ်ငယ်တုန်းက အတန်းထဲမှာ
လက်လှဲပြိုင်ရင်
အနိုင်ရချင်ခဲ့တဲ့ ကလေးလေးတစ်ယောက်ဟာ
    … ကျွန်တော်ပေါ့။

အခုတော့ …
နွေရောက်ရင် သိမ်းဆည်းရတဲ့ အနွေးထည်လို
ကိုယ့်ကိုယ်ကိုယ် လုံးထွေးပြီးတော့သာ
    ထိုးထည့်ထားလိုက်ချင်တော့တယ်

(၄)
အလွမ်းကို ဂြိုလ်စာကျွေး
ငေးကြည့်ခြင်းနဲ့ပဲ ရေမီးပူဇော်ခွင့်ပြုပါ။

(၅)
ကျွန်တော့်ကို အပြစ်မတင်လိုက်ကြပါနဲ့ဗျာ … ၊
    မမြင်ဖူးတဲ့ လူ အတွက်တော့
    “မူး” ကိုလည်း “မြစ်” လို့ ထင်ခွင့်ရှိတယ် မဟုတ်လား။

Jun 2004

———————————————
ဤကဗျာများအား စုစည်းပြီးပေးပို့သော ဆရာ ခွန်းချိုငြိမ်းချမ်း နှင့် တင်ဖို့အတွက် ခွင့်ပြုချက်ပေးသော ဆရာမင်းခိုက်စိုးစန်အား poemscorner မှ အထူးကျေးဇူးတင်ရှိပါသည်။

Comment #1

အင်း ကဗျာဖတ်ကြည့်  လိုက်တာ ဘာတွေ သူရေးထားသလဲ လို့  တွေးလို့ မရအောင်ဖြစ်နေမိတယ် ဗျာ … ကျနော် ညံလို့ လား … ကျနော် စာဖတ်အားနည်း နေသေးလို့ ပဲထင်ပါရဲ့  ….
p.s ဒီကဗျာက ရေးတဲ့  ကဗျာဆရာ ဘာဆိုလို ချင်တာလဲ လို့  တွေးတော၇တဲ့  စကားထာ ဆိုတာလားမသိဘူး…..

commentinfo By:့ မောင်ရသ at Dec 3, 2010
Comment #2

အော် ကိုမောင်ရသ ကလည်း ဘာမှ မသိလိုက်လည်း ဘာမှမသိလိုက်တယ့်  ရသ ကိုခံစားရတာပေါ့ ခံစားလို့ ဖီးလ်တစ်မျိုး ရှိပါတယ်

commentinfo By: အလွမ်းလူ at May 11, 2012
Comment #3

မိုက်ချက်ပဲ

commentinfo By: loafer at Jul 26, 2012
Comment #4

a yann mike de.
heart hti twar p
😛

commentinfo By: ei lay at Jul 27, 2012
Comment #5

မသိသူတွေကျော်သွားပြိးသိသူဖော်စားပါလိမ့်မယ်

commentinfo By: gaday at Nov 13, 2012
Comment #6

နစ် ချင်လွန်းလို့
ရေတိမ်တိမ်ကိုမှ လိုက်ရှာခဲ့တာပါ…..

နွေရောက်ရင် သိမ်းဆည်းရတဲ့ အနွေးထည်လို
ကိုယ့်ကိုယ်ကိုယ် လုံးထွေးပြီးတော့သာ
ထိုးထည့်ထားလိုက်ချင်တော့တယ်…..

အလွမ်းကို ဂြိုလ်စာကျွေး
ငေးကြည့်ခြင်းနဲ့ပဲ ရေမီးပူဇော်ခွင့်ပြုပါ။

အချစ်ခံစားမှုကိုအရပ် ထဲ နေ့စဉ်သုံး စကားလုံးတွေနဲ့
ကဗျာ ဖြစ်အောင် ရေးနိုင် စွမ်းကတော့ ပါရမီပဲ ဆိုရမှာပေါ့….။

commentinfo By: သျှင် ငြိမ်း ချမ်း at Jan 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment