Professional Authors

စိတ်နာသူမှတ်တမ်း (မင်းခိုက်စိုးစန်)

ဘဝမှာ      
နည်းပြဆရာ မလိုပါဘူး၊
ရေကူးသင်နေတာမှ မဟုတ်ပဲ အချစ်ရေ …
    နစ်ပြီးသေရမယ်ဆိုလည်း
    သေပျော်ပါတယ်၊

ကြည့်စမ်း … ဒီမှာ
သစ်ရွက်ပေါ် မိုးရေစက်လေး တစ်စက်ကျလာတဲ့ပုံ၊
ငါကတော့
ဟောဒါ မုတ်သုန်ရာသီပဲဆိုတာ … ယုံတယ်။

အချစ်ရဲ့ ကျေးဇူးတော် ဂုဏ်တော် အဆောင်အယောင်ကို
လှောင်ပြောင်စော်ကားရဲတဲ့
ငါ့ရဲ့ အမိုက်မဲလေးရေ …
    ကိုယ်ဆိုတဲ့ ခပ်ညံ့ညံ့ငနဲက
    မင်းကိုလည်း ယုံခဲ့မိတာပေါ့ …။

အလွမ်းနှစ်တစ်ရာအထိ
ကျမ်းသစ္စာ ကျိန်ဆိုလိုက်ဦးမယ် …
ကြေကွဲမူတွေ အကုန်လုံးကိုလည်း
ခုံရုံးမှာ တင်ပြမယ် …
    ငါက ရှုံးပြီးသားမဟုတ်လား
    တရားခွင်ရဲ့ “အဆုံးအဖြတ်” ကို၊
    ငါ မတောင်းဆိုပါဘူး၊
ကောင်မလေးရေ …
မင်းပေးမယ့် “အရှုံးအမြတ်” ပဲလိုတယ် …
    ငါ့ကို အဆုံးသတ်ပေးပါတော့ကွယ် …။

ဘယ်အရာကိုမှ မယုံကြည်တော့တဲ့အထိ
အရာရာကို ယုံကြည်ခဲ့မိသူ တစ်ယောက်လေ …
    ချစ်သူကိုဆဲ
    ရေကူးနည်းပြတွေကို ဆဲ … နဲ့
(ဒီကောင် …) ဘဝမှာ
ခွေးကူးကူးရဲဖို့ပဲ လိုတော့တယ်။

မင်းခိုက်စိုးစန်
Jun 1999

———————————————
ဤကဗျာများအား စုစည်းပြီးပေးပို့သော ဆရာ ခွန်းချိုငြိမ်းချမ်း နှင့် တင်ဖို့အတွက် ခွင့်ပြုချက်ပေးသော ဆရာမင်းခိုက်စိုးစန်အား poemscorner မှ အထူးကျေးဇူးတင်ရှိပါသည်။

Comment #1

ဆရာမင်ခိုက်စိုးစန်ရဲ့ကဗျာတွေကိုတင်ပေးတဲ့အတွက်…poemscorner ကိုလည်းကျေးဇူးအများကြီးတင်ပါသည်၊

commentinfo By: နော်ဧရာဝတီ at Jul 8, 2010
Comment #2

ဒီကဗျာတွေကိုfacebook မှာshareတာခွင့် ပြုလားခင်ဗျ။poemscorner

commentinfo By: morrethant at Aug 23, 2010
Comment #3

အရမ်းကြိုက်တယ်

commentinfo By: မိန်းကလေး at Aug 29, 2010
Comment #4

ဖတ်ခွင့်ရတာ အရမ်းဝမ်းသာပါတယ်

commentinfo By: kyitha at Oct 5, 2010
Comment #5

အရမ်းကောင်းတဲ့ ကဗျာတစ်ပုဒ်ဖတ်ရတာကို ကျေးဇူးတင်ရှိပါကြောင်း

Comment #6

(ကမ္ဘာကျော်တွေငါ့လောက်အိပ်ရေးမ၀ဘူးဆိုတာလေး )

အဲ့ဒါလေးရှိရင် ပြန်တင်ပေးပါ ဗျာ အင်း ..

commentinfo By: pyae at Oct 16, 2010
Comment #7

ဆရာ့ရဲ့ အရေးအသားက တကယ်ကောင်းလွန်းတယ်ဗျာ။ ဒီကဗျာလေး တင်ပေးတဲ့ poemscorner ကျေးဇူးပါဗျာ ။

commentinfo By: X - ray at Oct 18, 2011
Comment #8

အချစ်ရဲ့ ကျေးဇူးတော် ဂုဏ်တော် အဆောင်အယောင်ကို
လှောင်ပြောင်စော်ကားရဲတဲ့
ငါ့ရဲ့ အမိုက်မဲလေးရေ …
ကိုယ်ဆိုတဲ့ ခပ်ညံ့ညံ့ငနဲက
မင်းကိုလည်း ယုံခဲ့မိတာပေါ့ …။

commentinfo By: ChIr0N at Mar 23, 2012
Comment #9

mike de naw…

commentinfo By: ei lay at Mar 23, 2012
Comment #10

အလွမ်းနှစ်တစ်ရာအထိ
ကျမ်းသစ္စာ ကျိန်ဆိုလိုက်ဦးမယ် …
ကြေကွဲမူတွေ အကုန်လုံးကိုလည်း
ခုံရုံးမှာ တင်ပြမယ် …
ငါက ရှုံးပြီးသားမဟုတ်လား
တရားခွင်ရဲ့ “အဆုံးအဖြတ်” ကို၊
ငါ မတောင်းဆိုပါဘူး၊
ကောင်မလေးရေ …
မင်းပေးမယ့် “အရှုံးအမြတ်” ပဲလိုတယ် …
ငါ့ကို အဆုံးသတ်ပေးပါတော့ကွယ် …။

commentinfo By: poohmay at Mar 24, 2012
Comment #11

😛

commentinfo By: ei lay at Jul 15, 2012
Comment #12

အရမ်းကြိုက်ပါတယ် ကျေးဇူးပါ

commentinfo By: Hninyuwai at Nov 16, 2012
Comment #13

အရမ်းကို ကောင်းလွန်းပါတယ်…

commentinfo By: aungpyay at Mar 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment