Professional Authors

မျက်ရည်မြစ်ကျဉ်း

စိတ်ကိုရွေ့လျား
မေ့ထားရုံနဲ့
မေ့သွားရင်လဲ
အကောင်းသား…

မမေ့မမုန်း
တစ်နေ့လုံးသူ
စိတ်ကိုယူငင်
ရင်တွင်ရစ်ဖွဲ့
နှောင်တွယ်နွဲ့ပြုံး
လှော်ရင်းနစ်ပြီ…

မပျော်နေ့ည
မေ့မရလို့
တွေ့ကြတဲ့ခါ
သူမြင်သာအောင်
ကြင်နာအရိပ်
အလွမ်းစိတ်ကို
ပါးစပ်ပိတ်ထား
နှလုံးသားမှ
မျက်ရည်များဖြင့်ပြချင်တယ်…

မျက်ရည်များဖြင့်ပြချင်တယ်…

Poet-မောင်လှမျိုး(ချင်းချောင်းခြံ)

In: ကဗျာ,Others Posted By: Date: Jul 8, 2010
Comment #1

မေ့ချင်သော်လည်း
မေ့၍မရ
ရင်မှ တမ်းတ
အမြဲပဲကွယ်
သူရဲ့အရိပ်
စိုးမိုးရိပ်နဲ့
လွမ်းတိုင်း ကျတဲ့မျက်ရည်
မျက်ရည်မြစ်လေး ဖြစ်စေကွယ်…..

commentinfo By: မနောဖြူလေး at Jul 8, 2010
Comment #2

hote ei,
hman ei

commentinfo By: ei lay at May 11, 2012
Comment #3

&_&
&_&
&_&

commentinfo By: ei lay at Oct 14, 2012
Comment #4

ei ko myat yae kya aung loak de thu
ei ko ta ti ma ya be ma nay naing phyit par say daw.

commentinfo By: ei lay at Mar 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment