Professional Authors

ဆပ်ပြာပူဖောင်းကုမ္ပဏီ (မိုးဝေး)

မိုးသားများထဲ အသားကျ နေထိုင်
ရ့က်ကြမ်းရေကျို ကိုင်းဖျားတစ်ယောက်
ငယ်သူအိပ်မက် အိမ်က ထွက်ခဲ့
ချစ်လျက်ဆွဲကာ ခေတ်ရေစီးထဲ
မိုးသားများ အသားကျ လွင့်မျော
ပွင့်ချပါလျက် အပွင့်ခက်သည့် ခေတ်
သူဌေးကလေ သမီးကို အမြဲတမ်း ခေါ်တယ်
အရောင်းမြှင့်တင်ရေးမှာ နင်ဟာလေ
ဟောဒီပိုးသားဆူးကလေးဟာ သမီးဘ၀ရဲ့ သရဖူပေါ့။
သမီးသာ အိပ်မက်တိုင်း ဖောက်လို့ရတဲ့ လမ်း
သမီးတို့ ထုတ်လုပ်တဲ့ ပစ္စည်းရဲ့
ကုန်ကြမ်းဟာလည်း သမီးပဲ၊
ကုန်ချောဟာလည်း ကဲ . . . ကြည့် မချောဘူးလား
သမီးဟာ
ပေါက်ကွဲဖို့ အဆင်သင့် ဖြစ်နေတဲ့ ဗုံး
ပြည်တွင်းစစ်နဲ့ ဆက်စပ်တဲံသူတွေက ပြောတယ်
သူတို့ ပြောတာ သူတို့နယ်ပယ်က စကားပေါ့
ကုမဏီမှာတော့ သမီးဟာ အလင်းလက်ဆုံး
ဆပ်ပြာပူဖောင်းတစ်လုံးဟာ ညနေ ညနေဆို
ပိုးသားဆူးကလေး ပိုးသားဆူးကလေး
နွှင်နွှင်ပေးတယ် ထွင်ထွင်ပေးတယ် ခေါ်မလား
နွှာနွှာပေးတယ်ပဲ ထားပါတော့
`ရင်းနှီး´ ကြတဲ့ သဘော `မြှုတ်နှံ´ ကြတဲ့သဘော
ခင်ဗျားလို့ သုံးစွဲလိုက်မယ်နော်
ခင်ဗျားဆို ဘယ်`ရင်းနှီး´ ကို သုံးစွဲမလဲ
သမီးက ဦးကိုနောက်တာပါ
သမီးဘ၀က အမြဲ တောက်ပနေရမှ မဟုတ်လား
ဆပ်ပြာပူဖောင်းနောက်နောက်ကြီးဆို ဘယ်သူ ပျော်မလဲ
ကြာတော့လည်း ငြီးငွေ့တယ်၊ နောက်ချင်တယ် ဦးရယ်
ဦးမှာ မြစ် ရှိလား၊ ချောင်းကလေးရော မရှိချင်ဘူးလား။

မိုးဝေး
ဒီဇင်ဘာ၊ ၂၀၀၉၊ စတိုင်သစ်

In: ကဗျာ,မိုးဝေး Posted By: Date: Jul 6, 2010
Comment #1

ဆပ်ပြာပူဖောင်းကုမ္ပဏီ ဆိုလို့ အလုပ်ရမလား ၀င်ဖတ်မိတာ ဟီး……

commentinfo By: မနောဖြူလေး at Jul 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment