Professional Authors

မအောင်မြင်တဲ့ကဗျာ (သုခမိန်လှိုင်)

ရှာရာပိုဗာက
တင်းနစ်ဝတ်စုံနဲ့
စကားလက်ဂျိုဟန်ဆင်က
ပွဲတက်ဝတ်စုံနဲ့
ချားလ်မင်းသားက
နန်းတက်ဝတ်စုံနဲ့
ကမ္ဘာကြီးက
နုကလီးယားအင်္ကျီ
ဆင်းရဲသားဘောင်းဘီ
အိပ်ခ်ျအိုင်ဗီ လက်ပတ်နာရီ
လောကဓံ တိုလီမိုလီနဲ့

ငါ့ကဗျာမှာ
အ၀တ်အစားမှ ပါရဲ့လား။

သုခမိန်လှိုင်
Apr 06, Idea Magazine

ကဗျာဆရာ သုခမိန်လှိုင် ရဲ့ အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ ကဗျာစာအုပ်ကပါ။စာအုပ်ကို ရွှေဝါပြည် ကနေတစ်ဆင့်ရတာပါ

Leave Comments

Name*

Email*
Website
Email me whenever there is new comment