Professional Authors

ကြွေတဲ့ပန်းသီးနဲ့ ငါနဲ့ကမ္ဘာနဲ့ (သုခမိန်လှိုင်)

လူ့ဘ၀ကြီးကို လာပါတယ်
အာလာဒင် မီးခွက်မပါ
ညွှန်ရာရေဖြစ်တဲ့ လက်ညှိုးမပါ
ထိတိုင်းရွှေဖြစ်တဲ့ လက်လည်းမပါ
တွေ့တိုင်းပြဿနာဖြစ်တဲ့ ဦးခေါင်းတော့ပါတယ်။

သိပံ္ပပညာမှာ
ပန်းသီးကြွေရုံနဲ့
ဆွဲငင်အားကိုတွေ့ခဲ့တာ
ငါက
ကမ္ဘာကြီး ရစရာမရှိတော့တာ
ဘာတွေကြွေလို့တွေ့တာလဲ။

သုခမိန်လှိုင်
February 07, Idea magazine

ကဗျာဆရာ သုခမိန်လှိုင် ရဲ့ အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ ကဗျာစာအုပ်ကပါ။စာအုပ်ကို ရွှေဝါပြည် ကနေတစ်ဆင့်ရတာပါ

Comment #1

မိုက်တယ်..မိုက်တယ်..

commentinfo By: TK at Nov 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment