အသည်းစွဲကဗျာဆရာ ၁၁(အောင်ချိမ့်)
လက်ဖက်ရည်ခွက်ပေါင်း တစ်သိန်းလောက်
ငါ သောက်ခဲ့တာပေါ့ ကမ္ဘာကြီး။
ရဲကြီးခေါ် သစ္စာနီဆို
ခွက်ပေါင်း နှစ်သိန်းပြည့်ရှာရော့မယ်။
မောင်သစ်မင်း ငယ်စဉ် အသည်းကွဲတုန်းက
ဆေးမကူ ဘာမှမကူ
လက်ဖက်ရည် တစ်ခွက် နှစ်ခွက် သုံးခွက် လေးခွက်နဲ့
ကုစားခဲ့တယ်။ ကျော်ခဲ့တယ်။
ချိုခဲ့တယ်။ ခါးခဲ့တယ်။
ပူခဲ့တယ်။ ဆူခဲ့တယ်။ မုန်တိုင်းကျခဲ့တယ်။
လှိုင်းကြီးခဲ့တယ်။ ချောက်ထဲကျခဲ့တယ်။
လူဆိုတာ ကြုံရမှာပဲမို့ ကြုံခဲ့တယ်။
အပြစ်ကင်းတဲ့ လက်ဖက်ရည် တစ်ခွက် တစ်ခွက်
ငါတို့ စွဲခဲ့ကြတယ်။
ကောင်းရာမွန်ရာ လက်ဖက်ရည်ဆိုင်မှာ
ငါတို့ ထိုင်ခဲ့ကြတယ်။
သူငယ်ချင်းတစ်ယောက်ရဲ့ လက်ကောက်ဝတ်မှာ
I Love Tea တဲ့
ဆေးမင်ကြောင်
ထိုးထားတယ်။
အဖေနဲ့အမေရဲ့ ဘဝမှာ ဇိမ်ခံမှုဟာ
ချိုင့်ဆွဲလက်ဖက်ရည် တစ်ခွက် ပိုသောက်တာပါပဲ။
Oh Yeah!
ဒီမှာ လက်ဖက်ရည်နဲ့ မပြေပြီ အချစ်ကလေး။
Comment #2
ဆရာ့ကဗျာကို ကော်ဖီလို့ ပြောင်းဖတ်လိုက်တယ်
ကော်ဖီပဲကြိုက်လို့ .. ဒါလည်း မိုက်သားပဲ
By: မေပျို at May 26, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြိုက်တယ်ဗျို့!!!!!!!!လက်ဖက်ရည်