Professional Authors

သာမန်ယောက်ျား (ခိုင်မြဲကျော်စွာ)

အဖေစာစီ
အမေဓာတ်ဆီရောင်း
စုပေါင်းမောင်နှမ ၉ယောက် ၁ယောက်ပိုလီယို
မိသားစုဆိုတာ
မီဖိုကွိုင်လို ပြတ်လိုက်ဆက်လိုက်
ပူနွေးပေါ့
အာဟာရမပြည့်လို့
မိုးရိပ်ညိုတိုင်း ခဏခဏဖျားတဲ့
နေ့တွေ
နောက်ဖေးခိုမြီးအိမ်လေးက
ရေစိုအိပ်ရာပေါ်အိပ်ရတဲ့
ညတွေ
ခြေထောက်ရွှံပေ မီးမလာရေလျှံကွက်သစ်မှာကြီးတယ်
အလုပ်လိုက်ရှာလွန်းလို့
အရူးထောင်မှာ အခြေအနေကောင်းတယ်ပြောကြ
ရေမြုပ်ခံလယ်ကွက်ထဲက စပါးနှံပါ
လည်ပင်းထောင်ထားဖို့အရေးကြီးရဲ့
သာမန်ဆိုတဲ့ ဘိလိယက်ဘောလုံးလေးတလွဲ
အရာအားလုံးကျင်းနဲ့လွဲခဲ့သူ
မပူလောင်ဘူး
ငါမမြားနိုင်တဲ့ငါးအခြားလက်မိသွားမှာ
ပျာယာမခတ်ဘူး
အချိန်တန်တော့
ကြယ်တစ်လုံးတလေ ငါကောက်ရပြန်တယ်
သာမန်ယောက်ျားတစ်ယောက်ရဲ့ဓာတ်တိုင်မှာ
ဘဝကငယ်တယ်
ဓမ္မကကြီးတယ်
ဒီလိုမီးသီးလေးလင်းရုံနဲ့
ပြီးပြီ။ ။

ခိုင်မြဲကျော်စွာ
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈

Credit: http://thihathu.blogspot.com

Comment #1

ခိုင်မြဲကျော်စွာ ကဗျာတွေအရမ်းကြိုက်တာ..
ဖြိုးရေ..ရှိသေးရင် နဲနဲပေးပါ..ကျေးဇူး..။။။

commentinfo By: အမရာ at Jul 20, 2010
Comment #2

အားပေးလျှက်ပဲ….

commentinfo By: May Kha at Nov 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment