Professional Authors

ဆုံးဖြတ်ချက်

အလွမ်းတွေ ငွေ့ရည်ဖွဲ့ပီးရွာချတာ
ငါတစ်ကိုလုံးလဲ စိုလို့
ဆောင်းမိတဲ့ထီးကလဲ အရွက်မပါဗလာ
ငါ့ ကျရှုံးမှုရဲ့ အခြေခံကြတဲ့အချက်ထဲမှာ
အချစ်လဲပါတယ်
အိမ်မက်တွေ တနင့်တပိုးနဲ့ ရင်ဘတ်ကလဲ
ခုတော့ဟောင်းလောင်းပေါက်
အလောင်းကောင်လောက်တောင်
ငါ့ကိုမသတီတော့ဘူးတဲ့လား
လူက အမုန်းနဲ့အသားကျလို့
ခေါက်ရိုးတောင် ကျိုးချင်နေပီ
ငါ့ဘ၀ ဇတ်လမ်းရဲ့ အခန်း 23
က မသာယာလိုက်တာနော်
အကြမ်းနဲ့အလွမ်းပါပီး
အချစ်က ဘယ်ချောင်သွားအိပ်နေလဲ
ဒီတစ်ခေါက်နောက်တစ်ခန်းကိုအကူးမှာ
ထူးထူးခြားခြား ဘယ်လိုထပ်ကွဲမလဲ
ကဲ……..ရဲရဲရင်ဆိုင်လိုက်တော့မယ်

In: ကဗျာ Posted By: Date: Jul 2, 2010
Comment #1

အကြမ်းနဲ့အလွမ်းပါပီး
အချစ်က ဘယ်ချောင်သွားအိပ်နေလဲ
ဒီတစ်ခေါက်နောက်တစ်ခန်းကိုအကူးမှာ
ထူးထူးခြားခြား ဘယ်လိုထပ်ကွဲမလဲ
ကဲ……..ရဲရဲရင်ဆိုင်လိုက်တော့မယ်

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment