Professional Authors

လကွယ်ချိန် (nightbird^)

ဆေးမမှီသလို …
မေးထူးခေါ်ပြောမှုတွေနဲ့က
နေသားတကျရှိခဲ့ပြီ

ဆံနွယ်တွေတင်မကပါဘူး …
ရှိုက်သံတွေပါ …
လူးလွန့်ရှည်လျားလာကြ

နောင်တ တလိပ်ကိုခဲ
သက်ပြင်းတွေ တတွဲပြီး တတွဲ မှုတ်ထုတ် …
ဒီ အတတ်မှာ …
ငါ့လောက် ဟုတ်တဲ့ကောင်လည်း မရှိဘူး

မျက်ရည်တောက်တောက် ကျတာတောင်
ချိန်ကိုက်ဗုံး ပေါက်သံနဲ့မို့ …
ဘယ်သူမှ မသနားလောက်ဘူးလေ

ဒီလိုနဲ့ …
ဘီလူးတကောင်ရဲ့ စားမြိန်ထုပ်လို
တမြုံမြုံ ဝါးခံရ …

ညို့မှိုင်းတောင် မပြတဲ့ … မိုး
နှင်းတွေကို ချိုးလို့
ငါပြန်မယ်

nightbird^

In: ကဗျာ Posted By: Date: Jul 2, 2010
Comment #1

မျက်ရည်တောက်တောက် ကျတာတောင်
ချိန်ကိုက်ဗုံး ပေါက်သံနဲ့မို့ …
ဘယ်သူမှ မသနားလောက်ဘူးလေ

ဒီလိုနဲ့ …
ဘီလူးတကောင်ရဲ့ စားမြိန်ထုပ်လို
တမြုံမြုံ ဝါးခံရ …

ညို့မှိုင်းတောင် မပြတဲ့ … မိုး
နှင်းတွေကို ချိုးလို့
ငါပြန်မယ်

commentinfo By: အသဲကွဲမိုး at Jan 18, 2012
Comment #2

oh.
so sorry to read.
i feel sympthatic to u.

commentinfo By: ei lay at Feb 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment