Professional Authors

ငါ့ရင်ခွင်က ပဉ္စလက် ကြိုးခတ်သံ (night^)

ထွက်သွားလိုက် … တဲ့

အခိုက်အတန့်တောင် ဝင်ခွင့်မရပေမယ့်
မင်းက …
ထာဝစဉ် နှင်ချတယ်

ရိုးသားစွာ ညို့မှိုင်းတတ်လို့
ငါ့ကို …
မူလတန်းက ပေတံလေးနဲ့ပဲ တိုင်းကြည့်
မနုဿ လူရိုင်းလို့ အဖြေရရှိလိမ့်မယ်

… ရေ
သားရဲရိုင်း တအုပ်ထဲ
ငုတ်တုတ်ဝင်ထိုင်
ငါကတော့ …
သိုးငယ်တကောင်ရဲ့ ကျဆုံးခန်းမှာ
တပင်တိုင်ပါပဲ

မာယာပေါင်း များစွာနဲ့
အစားခံလိုက်ပါတယ်ကွယ်

ပြန်လာခဲ့ …
နေကြာဝတ်ဆံတို့နဲ့
ပြန်လာခဲ့ပါ …
ညမွှေးပန်း ရှိုက်သံလေးရယ်

ဒီလိုမှ …
မင်းကျေနပ်မယ်ဆိုရင်
နေဝင်ချိန် ဓမ္မသတ်တွေနဲ့
ငါ့ကို …
ကားစင်တင်ပြီး သတ်ကွယ်

ပြီးတော့ …
ငါ့အရေခွံနဲ့ ဗုံသာတလုံးကို ကြက်
ဒါဆို …
ငါ့ရင်ခွင်က
ပဉ္စလက် ကြိုးခတ်သံတွေ
မင်း ကြားရပါလိမ့်မယ်

night^

In: ကဗျာ Posted By: Date: Jul 2, 2010
Comment #1

kyite mae lu ma shi loz kyite pay tar ma hote woo..nint sar thar tway lan htwat nay lun loz..

commentinfo By: paw thut at Jul 8, 2010
Comment #2

ဒီလိုမှ …
မင်းကျေနပ်မယ်ဆိုရင်
နေဝင်ချိန် ဓမ္မသတ်တွေနဲ့
ငါ့ကို …
ကားစင်တင်ပြီး သတ်ကွယ်….အဲဒီအပိုဒ်မှာ..ဖတ်ရတဲ့သူတောင်အသက်ရှူခဏရပ်သွားသလိုပဲ..
တော်တော်ထိတယ်……

commentinfo By: နော်ဧရာဝတီ at Jul 31, 2010
Comment #3

ဟုတ်တယ်
င်းကျေနပ်မယ်ဆိုရင်
နေဝင်ချိန် ဓမ္မသတ်တွေနဲ့
ငါ့ကို …
ကားစင်တင်ပြီး သတ်ကွယ်….အဲဒီအပိုဒ်မှာ..ဖတ်ရတဲ့သူတောင်အသက်ရှူခဏရပ်သွားသလိုပဲ..
တော်တော်ထိတယ်……

အဲဒီအပိုဒ် ကတော်တော်ကောင်းတယ်
ဒီလောက်ကောင်းအောင်ဘယ်လိုများရေးလဲ အကိုရေးတာတွေတော်တော်ကောင်းတယ်

commentinfo By: ဖြိုး at Oct 2, 2010
Comment #4

ငါ့အရေခွံနဲ့ ဗုံသာတလုံးကို ကြက်
ဒါဆို …
ငါ့ရင်ခွင်က
ပဉ္စလက် ကြိုးခတ်သံတွေ
မင်း ကြားရပါလိမ့်မယ်
…အရမ်းထိတယ်…….တကယ်တော်တယ်

commentinfo By: အသဲကွဲမိုး at Oct 8, 2010
Comment #5

သားရဲရိုင်း တအုပ်ထဲ
ငုတ်တုတ်ဝင်ထိုင်
ငါကတော့ …
သိုးငယ်တကောင်ရဲ့ ကျဆုံးခန်းမှာ
တပင်တိုင်ပါပဲ

Comment #6

really nice,
really nice,
really nice,

commentinfo By: ei lay at Aug 19, 2011
Comment #7

ဒီကဗျာဖတ်နေတုန်း ငိုင်တောင်ငိုင်သွားတယ်ဗျ ကဗျာကအဲ့လောက်ကိုအရေးအသားကောင်းတယ် ။

commentinfo By: X - ray at Jan 19, 2012
Comment #8

ထွက်သွားလိုက် … တဲ့

အခိုက်အတန့်တောင် ဝင်ခွင့်မရပေမယ့်
မင်းက …
ထာဝစဉ် နှင်ချတယ်

commentinfo By: အသဲကွဲမိုး at Nov 8, 2012
Comment #9

… ရေ
သားရဲရိုင်း တအုပ်ထဲ
ငုတ်တုတ်ဝင်ထိုင်
ငါကတော့ …
သိုးငယ်တကောင်ရဲ့ ကျဆုံးခန်းမှာ
တပင်တိုင်ပါပဲ

မာယာပေါင်း များစွာနဲ့
အစားခံလိုက်ပါတယ်ကွယ်

ပြန်လာခဲ့ …
နေကြာဝတ်ဆံတို့နဲ့
ပြန်လာခဲ့ပါ …
ညမွှေးပန်း ရှိုက်သံလေးရယ်

ဒီလိုမှ …
မင်းကျေနပ်မယ်ဆိုရင်
နေဝင်ချိန် ဓမ္မသတ်တွေနဲ့
ငါ့ကို …
ကားစင်တင်ပြီး သတ်ကွယ်

ပြီးတော့ …
ငါ့အရေခွံနဲ့ ဗုံသာတလုံးကို ကြက်
ဒါဆို …
ငါ့ရင်ခွင်က
ပဉ္စလက် ကြိုးခတ်သံတွေ
မင်း ကြားရပါလိမ့်မယ်

ကဗျာတွေ မမြင်ရတော့ဘူး… လွမ်းတယ်ဗျာ..။ ဒီလိုကဗျာလေးတွေ ထပ်ဖတ်ဖို့ အခွင့်မပေးတော့ဘူးပေါ့ .. 🙁

commentinfo By: နိုးဆက် နေ့ at Jan 3, 2013
Comment #10

ထွက်သွားလိုက် … တဲ့

အခိုက်အတန့်တောင် ဝင်ခွင့်မရပေမယ့်
မင်းက …
ထာဝစဉ် နှင်ချတယ်

commentinfo By: နွေ at Mar 16, 2013
Comment #11

ထွက်သွားလိုက် … တဲ့

အခိုက်အတန့်တောင် ဝင်ခွင့်မရပေမယ့်
မင်းက …
ထာဝစဉ် နှင်ချတယ်

commentinfo By: chawchaw at Mar 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment