Professional Authors

ညမွှေးဝတ်လွှာတွေနဲ့ နေကြာတပွင့်အကြောင်း (nightbird^)

နေကြတ်ချိန်ဆို
နေကြာ ညို တွေ …
ဘယ်ကို လှည့်ထွက်ကြမလဲ

ငါ …
နေကောင်းထိုင်သာ
ရှိချင်ပါတယ်

“sorry” ဆိုတဲ့စကားက
သက်သာသွားအောင် သောက်ရတဲ့
ဆေးခါးခါးကြီး တခွက်မို့ …

အခုတော့ …
သုညတွေနဲ့ အုံ့နင်းသောင်းဖျ
ဘဝတခုလုံး …
ယူပစ်သလို ပျောက်ကင်းခဲ့ရတာပေါ့

မျှော်လင့်ခြင်းတွေကို သတ်
နေတစင်း လို ကြတ်ကာ သွားသူရယ် …
ငါလေ …
ဘယ်ကို လှည့်ထွက်ရမလဲ

nightbird^

In: ကဗျာ Posted By: Date: Jul 2, 2010
Comment #1

အခုတော့ …
သုညတွေနဲ့ အုံ့နင်းသောင်းဖျ
ဘဝတခုလုံး …
ယူပစ်သလို ပျောက်ကင်းခဲ့ရတာပေါ့

မျှော်လင့်ခြင်းတွေကို သတ်
နေတစင်း လို ကြတ်ကာ သွားသူရယ် …
ငါလေ …
ဘယ်ကို လှည့်ထွက်ရမလဲ

nightbird^ ကဗျာလေးတွေကောင်းတယ်

commentinfo By: အသဲကွဲမိုး at Feb 10, 2012
Comment #2

ဆက်ရေးသင့်ပါသည်။ ဘာလို့ဆက်မရေးတော့တာလဲဗျာ..

commentinfo By: TK at Nov 9, 2012
Comment #3

title attracts me

commentinfo By: ei lay at Feb 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment