ရှုံးနိမ့်နေတဲ့ ငါ့အချစ်တွေ..
မျှော်လင့်ချက် ငွေ့ငွေ့လေးတောင်မှ မရှိဘူး
ဒါပေမယ့်…….ငါ
ရူးသွပ်စွာ မျှော်လင့်နေမိတယ်…….
သူ့ရဲ့မေတ္တာ (နားလည်မှု) ကို ငါအနည်းအကျဉ်း ခံစားရတယ်
ဒါပေမယ့်…….ငါ
အဲသလောက်နဲ့ ကျေနပ်မိပါတယ်….
ငါဟာ ဆရာဝန်မဟုတ်သလို၊ အင်ဂျင်နီယာလည်း မဟုတ်ပါဘူး
ဒါပေမယ့်…….ငါ
မင့်အတွက်တော့ ဟီးရိုးတစ်ယောက် ဖြစ်ချင်မိပါတယ်…..
“ကျနော် အရမ်း ချစ်နေမိပြီဗျာ” လို့ ပြောလိုက်ချင်ပါတယ်
ဒါပေမယ့်…….ငါ
သူ့ရဲ့ အမုန်းဒဏ်ကို မခံစားနိုင်ဘူးလေ…..
မေတ္တာမိုး ရွာသွန်းမယ့် အုံ့မှိုင်းမှိုင်းတိမ်ကလေးတွေတော့ မတွေ့မိပါဘူး
ဒါပေမယ့်…….ငါ
နှလုံးသား အပြည့်နဲ့ ခံထားနေမိတယ်…..
မင်း….ငါ့ကို ငုံ့ကြည့်ပြီး လှောင်ပြုံး ပြုံးနိုင်ပါတယ်
မင်း….ငါ့နှလုံးသားကို ခြောက်သွေ့ ပျက်ဆီးအောင် လုပ်နိုင်ပါတယ်
ဒါပေမယ့်…..
လျှပ်စီးတွေလက်၊ ထစ်ချုန်းတွေမြည်ဟီးပြီး
မင်း…(ငါ့နှလုံးသားပေါ်မှာ)
အက်ဆစ်မိုးတော့ ရွာမချလိုက်ပါနဲ့လား……။
Comment #4
great
By: ei lay at Jul 14, 2011
Leave Comments
Email me whenever there is new comment
Copyright © 2012 PoemsCorner. All rights reserved. Terms of Service




11611 masterpieces
34811 comments
3729 members
974 pc authors
Comment #1
မေတ္တာမိုး ရွာသွန်းမယ့် အုံ့မှိုင်းမှိုင်းတိမ်ကလေးတွေတော့ မတွေ့မိပါဘူး
ဒါပေမယ့်…….ငါ
နှလုံးသား အပြည့်နဲ့ ခံထားနေမိတယ်…..
မင်း….ငါ့ကို ငုံ့ကြည့်ပြီး လှောင်ပြုံး ပြုံးနိုင်ပါတယ်
မင်း….ငါ့နှလုံးသားကို ခြောက်သွေ့ ပျက်ဆီးအောင် လုပ်နိုင်ပါတယ်