Professional Authors

တောင့်တ စိတ်ဝယ်

” ငါ့ဘ၀သာ
အာကာကောင်းကင် ၊ ဖြစ်လိုက်ချင်တော့ ” တဲ့ 
ကြည်ပြာမိုးနု ၊ တိမ်ဂွမ်းစုကို
မျှော်ရှုသက်လှယ် ၊ မြင်ခါဝယ်တည့် ။
အကယ်၍သာ
ဆည်းဆာညိုမှိန် ၊ တိမ်ပန်းလိမ်၏
မငြိမ်မသက် ၊ ရောထွေးချက်ကို
ချောညက်ပျိုလှ ၊ မြင်ရပါက
တောင့်တမည်ပင် ၊ ငါမထင်မိ ။
” ငါ့ဘ၀သာ
အေးမြကန်သွင် ၊ ဖြစ်လိုက်ချင်တော့ ” တဲ့ 
နု လွှာ ဖါး လျား ၊ ကြာ ငါးပါးကို
မြကန်သာလည် ၊ မြင်ခါဝယ်တည့်  ။
အကယ်၍သာ
ယှက်ကာထွေးနှော  ဒိုက်သရောနှင့်
ပေါလောရွေ့ လျား  မှော်ပင်များကို
သက်ထားညိုမြ ၊ မြင်ရပါက
တောင့်တမည်ပင် ၊ ငါမထင်မိ ။
” ငါ့ဘ၀သာ
မာလာဥယျာဉ်  ၊ ဖြစ်လိုက်ချင်တော့ ” တဲ့ 
စိုစို နုနု ၊ ပုရစ်ဖုနှင့် 
ပွင့်လုပန်းနွယ် ၊ မြင်ခါဝယ်တည့်
အကယိ၍သာ
ရွက်ဝါလေလှောက် ၊ ကိုင်းမွဲခြောက်နှင့်
မြေအောက် ကြွေလွင့် ၊ ညိုမောင်းရင့်ကို
သခင့်သက်မျှ ၊ မြင်ရပါက
တောင့်တမည်ပင် ၊ ငါမထင်မိ ။      ။

In: ကဗျာ,ငွေတာရီ Posted By: Date: Jul 1, 2010
Comment #1

” ငါ့ဘ၀သာ
အေးမြကန်သွင် ၊ ဖြစ်လိုက်ချင်တော့ ” တဲ့ 
နု လွှာ ဖါး လျား ၊ ကြာ ငါးပါးကို
မြကန်သာလည် ၊ မြင်ခါဝယ်တည့်  ။
အကယ်၍သာ
ယှက်ကာထွေးနှော ဒိုက်သရောနှင့်
ပေါလောရွေ့ လျား မှော်ပင်များကို
သက်ထားညိုမြ ၊ မြင်ရပါက
တောင့်တမည်ပင် ၊ ငါမထင်မိ ။

commentinfo By: May Kha at Jul 6, 2011
Comment #2

ငါ့ဘ၀သာ
အာကာကောင်းကင် ၊ ဖြစ်လိုက်ချင်တော့ ” တဲ့ 
ကြည်ပြာမိုးနု ၊ တိမ်ဂွမ်းစုကို
မျှော်ရှုသက်လှယ် ၊ မြင်ခါဝယ်တည့် ။
အကယ်၍သာ
ဆည်းဆာညိုမှိန် ၊ တိမ်ပန်းလိမ်၏
မငြိမ်မသက် ၊ ရောထွေးချက်ကို
ချောညက်ပျိုလှ ၊ မြင်ရပါက
တောင့်တမည်ပင် ၊ ငါမထင်မိ ။

commentinfo By: May Kha at Jul 6, 2011
Comment #3

” ငါ့ဘ၀သာ
မာလာဥယျာဉ် ၊ ဖြစ်လိုက်ချင်တော့ ” တဲ့ 
စိုစို နုနု ၊ ပုရစ်ဖုနှင့် 
ပွင့်လုပန်းနွယ် ၊ မြင်ခါဝယ်တည့်
အကယိ၍သာ
ရွက်ဝါလေလှောက် ၊ ကိုင်းမွဲခြောက်နှင့်
မြေအောက် ကြွေလွင့် ၊ ညိုမောင်းရင့်ကို
သခင့်သက်မျှ ၊ မြင်ရပါက
တောင့်တမည်ပင် ၊ ငါမထင်မိ ။ ။
ကောင်းသဗျိုး…….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment