Professional Authors

တစ်ခါတုန်းကတက္ကသိုလ်

သင်ပုန်းကြီးမတတ်ခဲ့တဲ့..

ငါ့ရဲ့ကြင်နာယုယခြင်းတွေ..

ဥပေက္ခာတစ်ကျွန်းသားတစ်ယောက်အနေနဲ့

တက္ကသိုလ်ဒဏ်ရာတွေသာ..

 ဟိုတစ်စဒီတစ်စ သိမ်းထုပ်လို့..

တစ်ဖက်သတ်အလွမ်းကို ရိုးမြေကျထမ်းလွင့်လျက်….။

အထစ်ထစ်အအ နဲ့ အနှစ်နှစ် အလလ ရင်ခွင်ပူမြိုက်…

ငါဟာချစ်သူရဲ့ဖုန်သုတ်အ၀တ်တစ်ထည်ပါပဲ….။

အမှတ်မရှိခဲ့ပါဘူး…

ရာသက်ပန်သတိရခြင်းတွေနဲ့

စတွေ့ခဲ့တဲ့ တက္ကသိုလ်မြေလမ်းတလျှောက်မှာ

အိပ်မက်အကြွင်းအစတွေလိုက်ကောက်တယ်…။

ကြေကွဲခြင်းဝဋ်ကြွေးတွေရယ်…

ဒီဘ၀ဒီမျှသာ ရှည်ပါတော့….။

မိုးမြူတွေမှိုင်းခဲ့တဲ့ ကျောင်းတော်အတိတ်ရိုင်းမှာ

ချစ်ခဲ့ဖူးသူတစ်ယောက်ရဲ့နှစ်ချို့ဒိုင်ယာရီရှိတယ်…

ချစ်သူကို \”ချစ်တယ်\”လို့ မပြောလိုက်ရသူတိုင်း

အသည်းကွဲ ကမ္ဗည်းကို နှလုံးသွေးနဲ့ ထွင်းထိုးသွားကြပါ….။…။

In: ကဗျာ Posted By: Date: Jun 30, 2010
Comment #1

အတိတ်ဟောင်းကို သတိရဖို့ ကျောင်းထဲကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

commentinfo By: မနောဖြူလေး at Jul 1, 2010
Comment #2

ကိုးရီးယားဇာတ်လမ်းတွဲကိုသတိရတယ် ..ခိ

commentinfo By: မေ at Aug 5, 2010
Comment #3

အားကျတယ်ကျွန်တော်လည်း ပဲခူး ကောလိပ် ..မှာတက်ခဲ့တာဆိုတော့.ရေးလို့ရပြီ

commentinfo By: thelkothel at Dec 17, 2010
Comment #4

သင်ပုန်းကြီးမတတ်ခဲ့တဲ့..

ငါ့ရဲ့ကြင်နာယုယခြင်းတွေ..

ဥပေက္ခာတစ်ကျွန်းသားတစ်ယောက်အနေနဲ့

တက္ကသိုလ်ဒဏ်ရာတွေသာ..

ဟိုတစ်စဒီတစ်စ သိမ်းထုပ်လို့..

တစ်ဖက်သတ်အလွမ်းကို ရိုးမြေကျထမ်းလွင့်လျက်….။

အထစ်ထစ်အအ နဲ့ အနှစ်နှစ် အလလ ရင်ခွင်ပူမြိုက်…

ငါဟာချစ်သူရဲ့ဖုန်သုတ်အ၀တ်တစ်ထည်ပါပဲ….။

အမှတ်မရှိခဲ့ပါဘူး…

ရာသက်ပန်သတိရခြင်းတွေနဲ့

စတွေ့ခဲ့တဲ့ တက္ကသိုလ်မြေလမ်းတလျှောက်မှာ

အိပ်မက်အကြွင်းအစတွေလိုက်ကောက်တယ်…။

ကြေကွဲခြင်းဝဋ်ကြွေးတွေရယ်…

ဒီဘ၀ဒီမျှသာ ရှည်ပါတော့….။

မိုးမြူတွေမှိုင်းခဲ့တဲ့ ကျောင်းတော်အတိတ်ရိုင်းမှာ

ချစ်ခဲ့ဖူးသူတစ်ယောက်ရဲ့နှစ်ချို့ဒိုင်ယာရီရှိတယ်…

ချစ်သူကို \”ချစ်တယ်\”လို့ မပြောလိုက်ရသူတိုင်း

အသည်းကွဲ ကမ္ဗည်းကို နှလုံးသွေးနဲ့ ထွင်းထိုးသွားကြပါ….။…။

commentinfo By: အောင်ရဲသူ at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment