Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11613 masterpieces

Total Comments 34816 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ငါ မျှော်မှန်းသည် သူငယ်ချင်း

သူငယ်ချင်းရေ…
ကြုံဆုံလာကြ ဒီဘဝ
ရေစက်ဆုံစဉ် တစ်ခဏ
နင်နဲ့ငါဟာ ချိန်ခါရက်ညောင်း
နှစ် လ ဟောင်းက အကြောင်းမလျော်
ကွဲကြသော်မှ မတော်တဆ
ကံပစ်ချ၍ နင်က နိုင်ငံခြားရောက်
ငါက ငါ့မြို့လေးတွင်ရှိခဲ့ရင်လဲ
တစ်ချိန် တစ်ကွေ့
ဘ၀တစ်ကွေ့မှာ
ကံကြမ္မာ အလှည့်အပြောင်းကြောင့်
မတူညီတဲ့ မျဉ်းပြိုင်နှစ်ကြောင်း
လျှောက်ခဲ့ရင်လဲ
ငါနဲ့ ကြုံစဉ် မကြည်မျက်နှာ
ဒေါမာန်နဲ့ကြည့် အထက်စီးဖြင့်
မကြည့်လေဟု
ငါ မျှော်မှန်းသည် သူငယ်ချင်း…

In: ကဗျာ Posted By: Date: Jun 29, 2010
Comment #1

သူငယ်ချင်းဆိုတာ
ဂုဏ်ပကာသန ဘာမှမပါဘူး။
မြင့်ခြင်းနိမ့်ခြင်း စဉ်းစားစရာမဟုတ်ဘူး။
နီးခြင်းဝေးခြင်း ကလဲ အရေးမပါဘူး
သူငယ်ချင်းပါဆိုတဲ့
သိစိတ်ကလေး
ရှိနေသေးတယ်ဆိုရင် ဘာမှမလိုဘူး၊

Comment #2

သူငယ်ချင်းဆိုတာ စိတ်တူကိုယ်တူနဲ့ တစ်ဦးအခက်အခဲတစ်ဦးကူညီပြီး အရေးကြုံရင် ရပ်တည်ပေးတဲ့သူလို့ မနောကတော့ ယူဆထားမိပါတယ်။

commentinfo By: မနောဖြူလေး at Jul 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)