Professional Authors

နှစ်

မ နက်ခင်း လေး

မင်္ဂလာပါ

နင်ကို ငါ နုတ်ဆက်ရင်

ငါ့ ကို ပြန်နုတ် ဆက် ပါ

ရင့် ကျက် ကျက် နဲ့

အိနြေ္ဒမ ရ နဲ့

ဘဝ ဟာ နန်းတော် မဟုတ်ဘူး

လေချို တွေ တိုက် တိုင်း

ချစ်သူ ညနေခင်း ကို ပြန်သတိရ

အ ဝေး က စပါးပင် တွေ

ဘယ်တုန်း ကမှ မနီး စပ်ခဲ့

ငါ့လက်နဲ့ ပွတ်သပ်ခွင့် မရ ခဲ့တဲ့

သူ့ ဆံ နွယ် တွေ ရှင် သန် နေဆဲ လား

အပြုံး ရှတတ ပေါ် က သနပ်ခါး

နင့် ပါး မှာ မွှေး တုန်း လား

ခြား နားခြင်း ကို တွက်တွက် ပြတဲ့

နင့် အမေ ကော

နေကောင်းပါရဲ့လား

ငါ့ပို့ခဲ့တဲ့ ကဗျာတွေ

ရင်ခုန်ခဲ့တဲ့ ငါ အသဲ

နွေးထွေးတဲ့ စိုးထိတ်မှု

အတု မလုပ်တဲ့အပြုံး

နင် မုန်း ရက်တယ်

မိန်းခလေး အချစ်

နင်ပယ်ပြစ်တော့

လူ့အခွင့်အရေး

နင်ချိုးဖေါက်ပေါ့။

ဆံရှည် သနပ်ခါး လိမ်းတဲ့ ကောင်လေး နင့်ကို ငါ မမေ့သေး။

Comment #1

ကဗျာတွေ အရမ်းကြိုက်တယ်။ အသစ်တင် ရင်ပို့ပေးပါဦး။ thanks!

commentinfo By: sai aung aung hlaing at Sep 7, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment