Professional Authors

ခံစားချက် စီးချင်းထိုးပွဲ

သံသယကို မျဉ်းပြိုင်လို သဘောထားပြီး
ဆက်ဆံကြည့်တော့
ငါ့ဆီက အဓိပ္ပါယ်တွေ ရွေးနှုတ်သွားတာပဲ
ခံလိုက်ရတယ်
ငါ့ဆီကို တိုးဝင်လာတဲ့
မာနကို အမှောင်ချထားလိုက်ချင်တယ်
ငါက စိတ်ကူးကို
မြူခိုးတွေလို ဝေလိုက်ချင်တယ်
နီယွန်မီးရောင်တွေကြား လရောင်ရဲ့အလှပကို
ငေးကြည့်ရတာ
ရိုင်းလွန်းပါတယ်
ချစ်သော ငါ့ဝိဥာဉ်ရေ
ငါ့ကို ဒီနေရာက နိုးထခွင့်ပြုပါတော့
အတွေးအခေါ် စိုထိုင်းထိုင်းတွေကြား
ငါ့ဘ၀ကို မှိုအတက်မခံနိုင်လို့ပါ
ကဲ……… ဒဏ်ရာ ငါ့ကို ရှေ့က ဆွဲခေါ်သွားပါ
ဒီအတိတ်ဟောင်းနဲ့ ဝေးရာကိုပေါ့

In: ကဗျာ Posted By: Date: Jun 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment