Professional Authors

ကျိန်စာမိနေတဲ့ မျှော်လင့်ချက်

ကိုယ့်ကြောင့် ချစ်သူ မျက်ရည်ကျရတာ
မြင်ပြီးတော့ နောင်တ တရားတွေနဲ့
ကိုယ့်ချို့ယွင်းချက်တွေကို ပြင်ဆင်နေချိန်ကျမှ
ချစ်သူက ကိုယ့်မှားယွင်းမှုတွေမှာ
သူ့အမှန်တရားကို ရှာယူသွားခဲ့တယ်

မာနတွေ ခ၀ါချထားတဲ့ ကျတော်ကတော့
အသဲကွဲတဲ့ ဒါဏ်ရာ ခွင့်လွှတ်ခြင်းတွေနဲ့ ဆေးကုနေတုန်း
တွေ့ဆုံလိုက်တဲ့ တဒင်္ဂလေးမှာ
ချစ်သူက စကားလုံး တစ်ချို့နဲ့ ကျတော့်ကို ကြိုဆိုလိုက်တယ်
ကျတော့်ထက်ချစ်ရမယ့်သူ ရှိပြီတဲ့
အဲဒီ့စကားလုံး နဲ့ ကျတော့်မှာ ကျိန်စာမိနေတာ
မျှော်လင့်ချက်တွေတောင် မီးရှို့ခံထားရတယ်
သူတစ်ခြားတစ်ယောက် ရင်ခွင်မှာပျော်နေတုန်း
ကျတော့်မှာ မျှော်လင့်ချက်လက်တစ်ဆုပ်စာလေးနဲ့
အထီးကျန်ဖြတ်သန်းခဲ့ရတာကို
ချစ်သူက မငဲ့ကွက်ခဲ့ပါလားဗျာ…………………..
နီးစပ်ဖို့ လုပ်ယူတဲ့ ကျတော့်နားလည်မှုနဲ့
ခြားနားဖို့ ဖြစ်လာတဲ့ သူ့မာနတရား အားပြိုင်လာတဲ့ အခါ
ချစ်သူရေ………………
ငါ့ကိုများ မုန်းစေ မေ့စေဖို့ပဲ မင်းရည်ရွယ်လေရော့သလား………
ဒီတစ်ခါကျတဲ့ မျက်ရည် သူ့ဖို့လား ကျတော့်ဖို့လား ………….
သူချစ်နေတုန်းပဲလို့ စိတ်ထဲမှာ ထင်မိနေတဲ့
ကျတော်ကို ဒီစကားလုံးလေးနဲ့
သံယောဇဉ်အဆုံးသတ်လိုက်တာလား ချစ်သူ

စိတ်ထဲမှာ တော်တော် ထိခိုက်သွားရပြီလေ…………………….

In: ကဗျာ Posted By: Date: Jun 27, 2010
Comment #1

(ကောင်းတယ်)အရေးအသားကိုပြောတာနော်။ ဖြစ်တတ်ပါတယ် ဘာလို့မျက်ရည်ကျအောင်သွားလုပ်လဲ

commentinfo By: maythuotkyar at Jun 27, 2010
Comment #2

ကြိုက်တယ်ဗျာ။ ခံစားချက်ခြင်းတူနေတယ် လင်းထိုက်ရေ။

commentinfo By: moezat at Jul 27, 2010
Comment #3

ma lwan na’. top pop . actually may b this is fate. tu.mar lal a pyit ma shi par bu.ayan chit tat ta’.ko.heart ka tar a pyit shi tar

commentinfo By: mlz at Jul 27, 2010
Comment #4

wow,,,,

commentinfo By: ei lay at Dec 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment