Professional Authors

– *uNFaithFuL* –

ပျော်ရွင်နေတဲ့ငါ့ဘ၀ထဲကို
ခဏတာ ၀င်ရောက်လာပြီး
ပိုမိုပျော်ရွင်စေခဲ့တယ်
ပြီးတော့မှ နာကျင်မှုတွေနဲ့ထားခဲ့ရလားကွာ

အချစ်ဆိုတာ ဘာလဲလို့ သိစေခဲ့ပြီး
ငါ့ဘ၀ထဲက အပြီးပိုင်ထွက်ခွာသွားခဲ့တယ်
တစ်ချက်လေးတောင်မှ နှုတ်မဆက်ခဲ့ဘူးနော်
ချစ်သူရယ်…… ရက်စက်လိုက်တာ

မင်းရဲ့အချစ်ကို ယုံစားမိလို့
ငါ့နှလုံးသားတစ်ခုလုံးကို ပေးအပ်မိခဲ့တာ
ငါ့အမှားများလားကွာ…..
မင်းကို ချစ်လွန်းလို့
ဘယ်အရာမဆို ပေးဆပ်ချင်ခဲ့တာ
အတုလို့ ထင်နေရအောင်
မင်း ဘာပေတံနဲ့ သွားတိုင်းနေခဲ့တာလဲ

အချစ်ဆုံးတဲ့ အချစ်ဦးတဲ့
အဲဒီစကားတွေ လေထဲမှာလွင့်ပျံကုန်ပြီလား
သကြားအုပ်ထားတဲ့ ဆေးခါးတွေများလား
ကြင်နာခြင်း ချစ်ခြင်းတွေရော
အတုအယောင်တွေပဲလား

မလိမ်ပါနဲ့ မညာပါနဲ့ ချစ်သူ
မချစ်တော့ရင် မချစ်တော့ဘူးလို့သာ ပြောလိုက်ပါ
ငါခံယူဖို့ အသင့်ပါပဲ….

အခုလိုမျိုး သစ်စာဖောက်ခံရမယ်ဆိုတာကိုသာ သိခဲ့ရင်
ငါ့ရဲ့အချစ် ပုံအောပြီး
မင်းကို ပေးခဲ့မိမှာ မဟုတ်ဘူး ချစ်သူ
မင်း … သိပ်ရက်စက်လွန်းတယ်……………..

h3mlock
25th Sep 2007

——————————————————————

ဒါလေးကလည်း like 2 yrs ago လောက်ကပဲ.. တော်တော်တောင်ကြာခဲ့ပြီပဲနော်..
ဟမ်းလော့ရဲ့ ဒုတိယမြောက် ကဗျာလေးလား တိဘူး..

In: ကဗျာ Posted By: Date: May 30, 2009
Comment #1

မိုက်မိုက်!!!

commentinfo By: Kitty Yang at May 8, 2010
Comment #2

ခံစားနဲ့ 
မတန်ဘူး
အသည်းတွေ မာပလိုက်

commentinfo By: သော်တာ at Aug 20, 2010
Comment #3

thu myar ko pe sut swe ma nay ne,
kou tine ka yaw bar tway pay sat phu loh le so tar pyan sin sar?

commentinfo By: apple at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment