Professional Authors

အဲဒီညက ရေမရောပဲသောက်ဖြစ်တယ်

မလိုက်တော့ပါဘူး စေးကပ်ကပ်အမှန်တရားတွေနောက်
ရန်ဖြစ်ထားတာကြာပြီဖြစ်တဲ့ ကဗျာက တံခါးလာခေါက်တယ်
နံရံတွေက တံခါးပေါက်အသွင်ပြောင်းသွားပြီး
ရည်းစားစာခိုးရေးရတဲ့အရွယ်လို သစ်ရွက်လှုပ်တိုင်း
ရင်ခုန်စရာကောင်းနေတော့တာပဲ
ဒုက္ခကိုမှ မမှတ်နိုင်တော့
သမုဒယကိုပဲ ယုယရမှာပဲ…….
ဝန်ခံတာမဟုတ်ဘူး….
ရင်ခံတဲ့အကြောင်းကို ဆေးပေးမီးယူဆိုပြီး
ပုံကြီးချဲ့  ရတာပါပဲ……..
ရမ္မက်စိတ်က နီတိတွေကို
ရပ်ရွှေ့  ဆိုင်းလိုက်တယ်
ကိုယ်ကတော့ အလိုတူ အလိုပါ ပဲ…….
ငြင်းမအောင်မှန်တဲ့ အချစ်တဲ့
အကြင်နာတရားကို က မျက်စိ ဆံပင်မွှေးစူးစရာ
” အုပ်ထိန်းသူလက်မှတ်မပါပဲ ရှင် ရည်းစားစာမရေးတတ်ဘူးလား”
ဘယ်ကျောင်းအုပ်က မှ ရှင့်ကို ရုံးခန်းခေါ်မတွေ့ဘူး
ကိုယ်က အဲလိုကောင်ပါကွယ်…….
ထားလိုက်ပါတော့
မလိုက်တော့ပါဘူး စေးကပ်ကပ်အမှန်တရားတွေနောက်…………..

လွမ်းတေးချို

In: ကဗျာ Posted By: Date: Jun 24, 2010
Comment #1

အဲဒီညက ရေမရောပဲသောက်ဖြစ်တယ်

commentinfo By: အသဲကွဲမိုး at Jan 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment