Professional Authors

`လျှို့ဝှက်သည်းဖို ဆန်ဆန်မိန်းမတစ်ယောက်အား ဖတ်ရှုခြင်း …´

လျှို့ဝှက်သည်းဖို ဆန်တဲ့မိန်းမ …
ငါ့ကောင်းကင်ကို ဟားတိုက်ဝတ်ဆင်ထားတယ် …
ငါ့မှာတော့ …
အသက်ရှုသံတွေ ပင့်လိုက် ရှိုက်ခိုက်နဲ့
အပင့်အရှိုက်တိုင်းမှာ စက္ကန့်လေးတွေနဲ့ အတူ …
မင်း အပြုံးတွေရဲ့ အဓိပ္ပာယ်ကို ဖွေရှာတယ် …

မင်းရဲ့ အနံ့အသက်တွေမှာတောင်မှ …
? ဆိုတာ အမြဲတမ်းရှိတယ် …
တကယ်တော့ မင်းကို ချစ်မိတာဟာ …
ငါဘ၀မှာ ကိုယ့်စကားကို ပြန်မျိုချရတဲ့ အဖြစ်မျိုး …

…………………………………..
မင်းအပြုံးတွေမှာ ရူးသွပ်ခြင်းတွေပါတယ် …
ကြောင်စီစီဖြစ်ခြင်းတွေ ပါတယ် …
ရယ်မောခြင်းတွေ ပါတယ် …
ငူတူတူဖြစ်ချင်းတွေ ပါတယ် …
ငိုယိုမျက်စပ်ခြင်းတွေ ပါတယ် …
အားလုံးပါပဲ …
မင်း ငါ့အာရုံထဲမှာ မီးဖွားသန့်စင်တဲ့နေ့တွေက စလို့ …
ငါသိလာတာက …
မင်းမှာ အဓိပ္ပာယ်ပေါင်း သန်းပေါင်းများစွာရှိတယ် …
ဘာသာစကားပေါင်း သန်းပေါင်းများစွာကို သိုသိပ်လျှို့ဝှက်ထားတယ် …
…………………………………………
မင်းကို ဖတ်နေရတာ …
အာရုံငါးပါးစလုံး နေ့တိုင်းမောရတယ် …
မိနစ်တိုင်းဟာ မင်း အကြည့်လေးတွေရဲ့ အဓိပ္ပာယ်ကို မှန်းဆမှုနဲ့ …
လွဲချော်မှုလှလှလေးတွေကို ဖြတ်သန်းလွဲချော်ရှပ်သီသွားတယ် …
မင်း အနား ငါခစားလို့ ….
တစက္ကန့်လေးပဲ ငါပြုံးနေခဲ့ရင်တောင်မှ …
ငါ့ရင်ခုန်သံတွေရဲ့ လွဲချော်မှုတွေ မင်း အာရုံတွေမှာ
လွတ်ချနေတယ် … ဆိုတာ
မင်း နားလည် …

? ? ? ? ? ? ? ?
   ? ? ? ? ? ?
? ? ? ? ? ? ? ?
   ? ? ? ? ? ?
ငါ ဘယ်မှာလဲ ….
ဘယ်မှာလဲ ငါ ….
မင်းကြောင့် ? တွေထဲမှာ …
ငါ ရွာလည်တယ် …

တောက် !!!!!!!!!!!
မီးခိုးတွေ ဝေတဲ့ မျက်ရည် မျက်ခုန်းတွေ …
မေးခွန်းဆန်တယ် …
မင်း မှတ်ထားပါ …
မေးခွန်းဆိုတာ ဖတ်တတ်မှ …
အချစ်ဆိုတာ ချစ်တတ်မှ …
အဖြေတွေ့တယ် …တဲ့ …။….
မင်းကိုငါ ချစ်တတ်ခဲ့တာ …
ငါ့ မျက်စိရှေ့မှာတင် သွေးယိုနွေအိုတွေ ပြန်ပြန်နုပျိုမျစ်နုလာတာ ….
ဆောင်းပျိုလင်းညိုတွေ အိုမင်းရင့်ရော်လာတာ …
နားလည်စမ်းပါ …
မင်း အပေါ် အချိန်ကာလနဲ့ တကွ …
ဘယ်လောက်ချစ်ခဲ့လဲ ဆိုတာ …
ဒါပေမဲ့ အခုချိန်ထိ မင်းရဲ့ တခါပြုံးလေးကိုတောင်မှ …
အဖြေရှာမတွေ့ဘူး …

………………………………
ချစ်တတ်တဲ့ …
ဒီ နွေလို သတ္တ၀ါကောင် …
နေခုနစ်စင်းနဲ့ မီးလောင်သန့်စင်မယ် …

In: ကဗျာ Posted By: Date: Jun 23, 2010
Comment #1

ကဗျာကဖတ်ရင်းဖတ်ရင်းလည်သွားတယ်ဟိဟိ

commentinfo By: ဖြိုးဖြိုးနိုင် at Sep 29, 2010
Comment #2

နေခုနစ်စင်းနဲ့ မီးလောင်အောင်တော့မလုပ်ပါနဲ့နော်

commentinfo By: Flora White at Sep 29, 2010
Comment #3

ချစ်တတ်လိုက်ကြတာ…. တခါမှမကြုံဘူးသေးဘူုး………………….. ဟိ

commentinfo By: May Kha at Apr 24, 2011
Comment #4

kaung like tar,,
special nice.
men tway ka d htet po soe tay de,,

commentinfo By: ei lay at Mar 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment