Professional Authors

သီအိုရီမဟုတ်တဲ့ သီအိုရီ

  သီအိုရီမဟုတ်တဲ့ သီအိုရီ

ကျွန်တော်ဟာ ရူးသွပ်သူပါ “မ”ရယ်
ခံစားမှုကို အသားပေးတဲ့ ကောင်က
ခုမှ ရုပ်ဝတ္ထုဆန်နေရတယ်လို့

အချစ်ကို ဥပေက္ခာပြုခဲ့တဲ့ ကျွန်တော်
ခုမှ သစ်တစ်ပင်လို ကြီးမားရင့်သန်
နှလုံးသားမှာ အချစ်တွေအမြစ်တွယ်နေပြီ
“မ”   ရယ်   ။  ။

ဂျစ်ပစီတစ်ယောက်လို လေလွင့်
အတွေးတွေနဲ့ စုတ်ပြတ်သတ်လောက်အောင်
ချစ်တယ် “မ” ရယ်  ။ ။

ဘာကိုမှ………မမြော်လင့်ပါဘူး
တစ်ကယ် ဘာကိုမှမမြော်လင့်ပါဘူး..
ကျွန်တော့် ရလာဒ်အဖြေက
ချစ်ခြင်းထက် မုန်းခြင်း
ပိုပြီး ချိုမြိန်သင့်တယ်လေ

သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ကဘာလဲ
ကြေးမုံပြင်ထဲက 
ကောင်ကို သစ္စာဖောက်တစ်ယောက်လို
စူးရဲစွာစိုက်ကြည့်
ကိုယ့်လက်ညိုးက ကိုယ့်ကိုယ်ကိုပြန်ထိုး

ကျွန်တော့်ကိုယ် ကျွန်တော်ပဲ
မုန်းတီးခွင့်ပြုပါတော့ “မ” ရယ်…………။  ။

                                                         သောဏ

In: ကဗျာ Posted By: Date: Jun 23, 2010
Comment #1

ကောင်းလိုက်တာဗျာ !

commentinfo By: chelllynn at Jun 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment