Professional Authors

သေဆုံးခြင်း

ဖွဖွလေးနင်းဖြတ်လာတဲ့ လေပြေ

တိုးတိုးသဲ့ သဲ့ ကြားရတဲ့ ခေါ်သံ

သင်းပျံ့ နေတဲ့ မွှေးရနံ့ နဲ့ 

နူးညံ့တဲ့ အထိအတွေ့ ကြောင့်

မျက်လုံးကိုအားယူပြီးဖွင့်ကြည့်တော့

ဝိုးတ၀ါးပုံရိပ်က

ကိုယ့်ရဲ့ လက်ကိုဆုပ်ကိုင်လို့ 

သူ့ ကိုခွဲမသွားဖို့ တောင်းပန်နေရှာတယ်

ရင်မှာခံစားရတဲ့ ဝေဒနာဆိုးက

ကိုယ့်ရဲ့ အသဲကိုဖြစ်ညှစ်လိုက်ချိန်

အားကုန်တစ်ချက် အသက်ရူပြီး

လေပြန်ထုတ်လိုက်ချိန်မှာ

ကိုယ့်ရဲ့ လိပ်ပြာလေးထွက်သွားတော့

လောကမှာထာဝရအိပ်စက်သူအဖြစ်

အများကသတ်မှတ်တဲ့ သူဘဝ

အဲ့ ဒီ့ ခဏမှာငါ့အတွက်ပူဆွေးတဲ့ သူတွေကိုငါမသိတော့

ငါ့အတွက်ငိုကြွေးသူတွေကိုလည်းမသိတော့

အရာရာမည်းမှောင်သွားပြီး

ငါကလည်းလောက က

တိတ်တိတ်လေးထွက်ခွါလို့ ပေါ့……….

 

In: ကဗျာ Posted By: Date: Jun 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment