Professional Authors

➷➷စိတ္တဇ➷➷

နေရာတိုင်းမှာ လှပမှုတွေ
ရှိနေကြစမြဲ ဆိုရင်ပေါ့
ငါ ဆန္ဒစိုက်ခင်းသေးသေးလေး
မလှပနိုင်တာကတော့ေ၀၀ါးနေဆဲ ………. ။

နိုးတ၀က် အိပ်မက်တွေ
ဆက်တိုက် မက်နေပေမဲ့
တကယ် အသေအချာ ဖြစ်လာမယ့်
အသက်ရှုခြင်းတွေနဲ့ ဝေးနေဆဲ …..။

မမြင်နိုင်တဲ့ လက်တစုံကို တွဲလျှောက်ဖို့
ဘာလို့ အားတွေ ဖြစ်ဖြစ်လာတာလဲ ……
ပြန်မေးကြည့်တော့
မေးခွန်းတွေက ထပ်ခါထပ်ခါ ပြန်ပြန်ဖြေနေတဲ့
အဖြေတွေ အဖြစ်တည်ရှိဆဲ ………။

လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေ
ဘယ်လောက်ကျဲကျဲ
ငါ နေချင်တဲ့ တောင်တန်းစိမ်းစိမ်းလေးထဲက
အိမ်လေးထဲ မရောက်နိုင်သေးတာက
ခက်နေတုန်းပဲ ………..။

ငါ ကြားကြားနေတဲ့ စကားသံအချို့
ချိုမိန်နေတယ်ဆိုတာ
ဘာလို့ သကြားလုံး အချိုလေးတွေနဲ့
အစားမထိုးနိုင်ခဲ့တာလဲ
စဉ်းစားလိုက် မေ့ပြစ်လိုက်နဲ့
ငါ တယောက်ထဲ မျှော်လွင့်နေဆဲ
ဟို ……… ဘာ မှ မ သိ တဲ့ အ ဝေး ကြီး ထဲ မှာ ပေါ့ ………။

 

စနိုးပန်းလေး

In: ကဗျာ Posted By: Date: Jun 22, 2010
Comment #1

ကကြီးရေးက ဘလက်ချိတ်ယပင့် ရေးချာဗျာ ကဗျာ….အော်…ကဗျာ..
ဘယ်လိုမှမထင်ပါနဲ့  ပေါင်းကြည့် တာ..
နှင်းယိမ်း

commentinfo By: mgnayla at Aug 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment