Professional Authors

အလွမ်း

ဥသြသံလည်း ကြားတယ်။
နွေလယ်ခေါင်လည်း ရောက်နေတယ်။
မကြာခဏဆိုသလိုလို နာရီလက်တံကို ကြည့်မိတယ်။
ကြည့်လိုက်တိုင်းလည်း တနာရီခြားခဲတယ်။
နေ့ရက်တွေ ရေတွက်ရင်း မြည်တွန်တောက်တီး။
နွေရက်က ရှည်လှချည်ရဲ့ လို့။

နွေက ညတာတိုတယ် ဘယ်သူပြောလဲ။
အလွမ်းတွေ ရင်ဘတ်ထဲ ထည့် အိပ်ရတဲ့သူအဖို့
တရက်တာ ကုန်ခဲ ပါတယ်။

တပတ်ပါပဲလို့ ရေရွတ်ရင်း
တမနက် တညနေ တောင် ဖြတ်ရခက်ခဲပါတယ်
ကောင်မလေးရေ

လက်တဖက်က လက်တဖက်ကို ဆာ သလိုမျိုး
နှုတ်ခမ်းက ပါးပြင်ကို တောင်းတ မိသလိုမျိုး
ရင်ခွင်က တစုံတခု လစ်ဟာသလိုမျိုး
စိတ်ရော ခန္ဓာပါ သူ့ကို လွမ်းတယ်။

In: ကဗျာ Posted By: Date: May 4, 2019

Leave Comments

Name*

Email*
Website
Email me whenever there is new comment