Professional Authors

“””” သို့…. ဝေးရာ “”””

** သို့… ​ဝေးရာ **
တော်​ပြီ​လေ..
မျှော်​လင့်​ချက်​မှုန်​ပြပြနဲ့
သန်း​ခေါင်​ယံည
ကြယ်​အ​ကြွေ​ကောက်​ဖို့က
ဝေးခဲ့ပြီပဲ..
တော်​ပြီ​လေ……
လွမ်းတယ်ေ​​ဆွးတယ်​ဆိုတာ
ငါငြီး​ငွေ့ခဲ့တဲ့
လုပ်​ဇာတ်​ကြီးမို့….
လူ​တွေရဲ့သဘာဝကို
ဘဝက​ကောင်း​ကောင်း​ပြောပြခဲ့ပြီးပြီ…..
တော်​ပြီ​လေ
အိပ်​တန်းတက်ဖို့အတွက်
ပုံပြင်​​တွေ….အပ်​​ကြောင်းထပ်​ခဲ့ပြီပဲ
ကောင်းတယ်​ဆိုးတယ်​ဆိုတာ
ကိုယ်​ကိုတိုင်​ရဲ့
ဖန်​တီးမှုမို့….
အဝင်​အထွက်​လှဖို့ပဲ လိုတာပါ….
တော်​ပြီ​လေ
မလိုပါဘူး…
ဖိနပ်​လှလှ ထီးလှလှ​တွေ
ခရီးဆိုတာ 
မ​လျှောက်​လည်း​ရောက်​​နေတာပဲ
ဆို​တော့…..
ငါ​လေ..ဘဝကိုအ​တောင်​တပ်
ကမ္ဘာ့အပြင်​ဘက်​လွှတ်​လိုက်​တယ်​..
ဆန္ဒ​တွေနဲ့​ဝေးရာ……။ ….။
                                               အဇူရီ
In: ကဗျာ Posted By: Date: Mar 3, 2019

Leave Comments

Name*

Email*
Website
Email me whenever there is new comment