Professional Authors

ချစ်ခြင်းမေတ္တာဟာ မိန်းမတစ်ယောက်ဖြစ်တယ်

ချစ်ခြင်းမေတ္တာဟာ မိန်းမတစ်ယောက်ဖြစ်တယ်
တစ်လမ်းမောင်းနေ့တွေ
ဆွေးရီ နေတဲ့ မျက်လုံးတွေနဲ့
ကြယ်ရောင်သစ်လွင်တဲ့ မိန်းမ
မင်းကို ငါဘယ်လိုနားလည်ရမလဲ
ဗလာစာရွက်တစ်ရွက်တည်းမှာ ယှက်ဖြာနေတဲ့ သွေးကြောတွေ
ငါ ငေးကြည့်နေခဲ့တယ်
ဝတ်လစ်စလစ် မိုးသားတွေ 
မီးကုန်ယမ်းကုန် နူးညံ့ပြေလျော့နေတဲ့ ကမ္ဘာဟာ
သူ့အရေပြားထဲမှာ နှုတ်ခမ်းနီတောင့်တွေ ဖွက်ထားတတ်တယ်
စိုးရိမ်ရေမှတ်အထက် အန္တရာယ် ရှိတယ်
မသေနိုင်တဲ့ ၀ိညဉ်တွေရဲ့ ဂီတမှာ
မီးအပြာတွေ တစ်လမ်းလုံးလင်းကြတယ်
အလှအပ ကြိုက်တယ်
ပြီးတော့ 
လှပ တယ်
ချစ်ခြင်းမေတ္တာဟာ မိန်းမတစ်ယောက်ဖြစ်တယ်
သူ့ရင်ဘတ်ကြယ်သီးတွေ ငါဆွဲဖြဲပစ်ခဲ့တယ်
In: ကဗျာ Posted By: Date: Feb 7, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment