Professional Authors

ဒီဇင်ဘာ

ကိုယ့် မေတ္တာငယ်ကလေးရေ
ဆောင်းရဲ့နာရီအို
ဒီဇင်ဘာမှာ အရိုးထဲအထိ ဖြန့်ကျက်ခဲ့သူရင်ခွင်
ဖြတ်သွားဖြတ်လာများကိုလည်းမေးကြည့်ပါ
ဒီမျက်လုံးကလေးနဲ့ နွေးရတာပါပဲ တဲ့
ရက်စက်တဲ့ နှင်းဆီတွေလည်း အတုံးအရုံး
မင်းကလည်း သူတို့လို မွှေးပျံ့ရှာတယ်
ညမီးလင်းဖိုလေး အိပ်ရာက မထနိုင်လို့
ကံ့ကော်သူ နှင်းတွေဖွဲတဲ့အခါ
ကိုယ့် မျက်ရည်စက်ကလေးချမ်းရှာရော့မယ်
ခြောက်သွေ့နေတဲ့ တိမ်သားအလွှာထဲက
လရောင်ကို သီချင်းဆိုပြချင်သူ
ခရစ္စမတ်သစ်ပင်လေး ပုံပြင်ပြောပြတော့
ကိုယ်လည်းပဲ လွမ်းရတယ်

In: ကဗျာ Posted By: Date: Dec 25, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment