Professional Authors

အရေးအသား ၁၃

ငါရောက်ဖူးတဲ့လမ်းတွေ ငါ့ဆီက ထွက်ခွာသွားတယ်
ငါဖတ်ထားတဲ့ ကဗျာတွေလည်း ငါ့ကို မပျော်ရွှင်တော့
ငါ မင်းကို နာနာကျင်ကျင် တွေးခေါ်မိတယ်
ငါ့အသက်ဟာ ငြီးငွေ့ဖွယ် သီချင်းတစ်ပုဒ်ပဲ မမ
မင်းကို ငါ့အိပ်မက်အခိုးအငွေ့တွေက သိုင်းဖွဲ့ဝန်းခြုံထားတာ
မင်းရင်သားတွေဟာ ငါ့အရေခွံကို ၀တ်ဆင်ထားတာ
မင်းနှုတ်ခမ်းပေါ် ငါ့သွေးတွေ သုတ်လိမ်းပြီး
မင်းလက်သည်းဆိုးဆေးဟာ ငါ့ရဲ့ ကံမကောင်းတဲ့ အသံတွေပေါ့
ငါမင်းကို နာနာကျင်ကျင် တွေးခေါ်မိတယ်
အဲဒီနေ့က နမော်နမဲ့ နိုင်တဲ့ လောကဟာ ငါ့ကို သတ်ဖြတ်ခဲ့တာ
သိမ်ငယ်မှုများ ခြုံလွှားပြီး ငါအိပ်ပျော်နေတာ
အိပ်ပျော်နေတဲ့ ငါ့ကို
အဲဒီနေ့ကလေ
အဲဒီနေ့က ငါ့မျှော်လင့်ချက်တွေကို ဓားတစ်ချောင်းထဲ သွတ်သွင်းပြီး
အသွားထက်ကြည့်ချင်ခဲ့တာ
(တစ်ခုခုကို ခုတ်ဖြတ်ဖို့)
အဲဒီနေ့က
ရင်ထဲရှိသမျှ သစ်ပင်တွေ
ရင်နဲ့မမျှ နာကျင်ကြတာလေ
အဲဒီနေ့ကပေါ့
မမကို တွေ့တာ
လိုက်ကာကို ပိတ်ပြီး
မျက်လုံးတွေ မှိတ်ထားတာ
အဲဒီနေ့က တနင်္ဂနွေနေ့လေ
ငါမင်းအကြောင်း တွေးခေါ်တဲ့နေ့
ချာခ်ျ့ကျောင်းထဲမှာ ၀န်ခံထားတဲ့ အပြစ်တွေ
ငါ့ဆီကိုလိုက်လာတဲ့နေ့ပေါ့

In: ကဗျာ Posted By: Date: Nov 21, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment