Professional Authors

မမ ကောက်ယူတပ်ဆင်ထားတာ ငါ့မျက်လုံးတွေဖြစ်တယ်

မမ ကောက်ယူတပ်ဆင်ထားတာ ငါ့မျက်လုံးတွေဖြစ်တယ်
ငါမြင်ရတဲ့ အပျက်အစီးဟာ မမ ရဲ့ ကမ္ဘာ ပဲ
နာကျင်စွာ ရယ်မောကြ
နေရောင်ရဲ့ စူးရဲမှုမျိုး မဖြစ်နိုင်တော့
အရောင်ပြယ်လွင့်စွာ
အသက်ရှင်သန်ခြင်းမှာ ပေါ့ပါးစွာ
နာကျင်စွာ ရယ်မောကြ
ပြီးတော့ နောင်တရကြမယ်လေ

မမ ကောက်ယူတပ်ဆင်ထားတာ ငါ့မျက်လုံးတွေဖြစ်တယ်
အဲဒီမျက်လုံးတွေနဲ့ ငါ့ကိုကြည့်တဲ့အခါ
ငါ့ကိုယ်ငါ တွေ့ရ
ငါ ဖျောက်ဖျက်ထားတဲ့ အသံကို တွေ့ရ
ထွက်ခွာခြေသံများမှာ တိတ်ဆိတ်စွာ
ထိခိုက်မှုများမှာ ဖျော့တော့စွာ တွေ့ရ

မမ ကောက်ယူတပ်ဆင်ထားတာ ငါ့မျက်လုံးတွေဖြစ်တယ်
ဘော့ဒိုင်လန်ရဲ့ ရိုးလင်းစတုန်းများ
အချိန်လွန် ပုပ်သိုးမှု အပိုအလျှံများ
သည်းထန်မှုကို ငြင်းပယ်ချင်သောနေ့များ
ငါ့သွေးတွေ ငါ့ကို မခင်တွယ်လို့ တုန်ရီစွာ
ငါကြောက်လို့
သင်းကွဲမှောင်မိုက်တဲ့ လရောင် ယိုဖိတ်လို့
မမရဲ့ မီးတောက်ပူလောင်စွာစီးဆင်းနေတဲ့ မြစ်များ
ငါကောက်ယူတပ်ဆင်ထားတာ မမရဲ့ မျက်လုံးတွေဖြစ်တယ်

In: ကဗျာ Posted By: Date: Nov 15, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment