Professional Authors

-အရေးအသား-

ငါရောက်နေတာ
မိုးဥတုခေါင်ခိုက်တဲ့ရာသီ
ငါ့ဦးခေါင်းထဲမှာ
လွမ်းဆွေးမြက်ခင်းစိမ်းစိုတဲ့ အာရုံများ
လောကအလင်းဝင်လာတဲ့ သူပုန်
အစက်အပြောက်များဖြင့် ညစ်ထေးခဲ့ပါတယ်

ဒါ… အဖျားငွေ့ငွေ့လေ
ပူပြင်းလောင်မြိုက်မှု စိတ်သွေးကြောဖြာကျရာကနေ
အပျက်မလေးရဲ့ ထဘီအနားစကို လောင်ကျွမ်းနေတာ
စိတ်ကို ထိခိုက်ပြီး
မြစ်များလို ကောက်ကွေ့စီးဆင်းနေတာ
ဆက်လက်ဖြစ်ပွားဆဲပဋိပက္ခများ
အသေဖမ်းမိခဲ့ပါတယ်

ဘ၀မှာ မပွင့်ရသေးတဲ့ ပန်းအကြွေများ
သန်းခေါင်ယံ လန့်နိုးတဲ့ မေးခွန်းများ
မုန်းတီးခဲ့သမျှ အသွားထက်တဲ့ ဓားဒဏ်ရာတွေချည်းပဲ

အိပ်မက်မီးခိုးငွေ့ ကင်ဆာဖြစ်လိုတဲ့ ညနေ
ရုတ်တရက်အခိုက်အတန့်တွေ ပြန့်ကြဲခဲ့
ငါဟာ ငါ့ကိုယ်ငါငြီးငွေ့နေတဲ့ ခွေးအတစ်ကောင်ပေါ့
ငါ့ကောက်ကျစ်မှုနဲ့ငါ
ချစ်ခြင်းမေတ္တာကို ကိုက်ဖြတ်ခဲ့ပါတယ်

In: ကဗျာ Posted By: Date: Nov 10, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment