Professional Authors

အမှတ်တရ တချို့

ခြေလှမ်းလှမ်းလိုက်တိုင်း
တစ်လှမ်းချင်း ရင်ကို ဖြို ခွင်းတယ်…

ဘယ်လိုဘယ်ပုံ ဝေးဝေး
ခြေလှမ်းတွေက ကိုယ်ရှိရာအရပ်
ဦးတည်လာသလိုလိုနဲ့
ဝေး …
ဝေး…
သွားကျလေပြီ။

လိုက်ပို့နေကျေခြေလှမ်းလေး
မှောင်ရိပ်တခုမှာ စုံရပ်လို့ 
ကဲ..
ဒီကပဲ လမ်းခွဲကျပါစို့တဲ့။

အမှတ်တရတချို့ပိုက်ပြန်ခဲ့တယ်။
ခြေလှမ်းလေး ဆန့်ကျင်ဘက် ဦးတည်လျက်
လမ်းဆက်လျောက်ခဲ့မိတော့တယ် 

In: ကဗျာ Posted By: Date: Oct 14, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment