Professional Authors

ငါက အပေါ်ယံအရေပြားထိရှလွယ်တဲ့အတွေးအခေါ်၊ ချာ့ခ်ျကျောင်းထဲမှာ အပြစ်ဝန်ခံထားတဲ့အမှား၊ မန်ဟက်တန်ကလူသေတွေရဲ့ကမ္ဘာမှာ ငါ့အတွက်နေရာလွတ်တစ်ခုရှိတယ်

ငါ့အသက်ဟာ စက္ကူနဲ့ထုပ်ပိုးထားတဲ့ စွယ်တော်ရွက်တစ်ရွက်ဖြစ်တယ်
ဘယ်တော့မှပြန်မလာတော့တာတွေမှာ တဖွဖွနာကျင်နေတာ
အနီးဆုံးမှာလို့ ပြောပြီး အဝေးကြီးကို လွင့်ထွက်သွားတာ
ငါမတည်နိုင်တဲ့ ကတိတွေအများကြီး ပေးခဲ့တယ်
ငါ့ကိုယ်ငါ သတ်ပစ်ချင်တာပဲ၊ ငါမှားတယ် နောင်တရတယ်
ငါ့ကိုမှတ်မိလား၊ ငါ့အမှတ်အသားဟာ မအောင်မြင်တဲ့ပြက်လုံးတွေဖြစ်တယ်
ဘယ်သူမှမရယ်လို့ ငါ ငိုနေတာ၊ ငါ့အရေပြားထဲကနေ ပါရီရဲ့ လမ်းကြိုလမ်းကြားတွေ မီးပွင့်လာမလားလို့ မျှော်လင့်နေတာ
အခန်းပြင်ထွက်လိုက်တာနဲ့ ငါက ဘယ်တော့မှ ပြန်အသစ်ဖြစ်မလာမဲ့ ကမ္ဘာပဲ
တခြားဂြိုလ်မှာ ပေါက်ရောက်နေတဲ့ ရောဂါပိုးမွှားပဲ
ငါနေရတာအဆင်မပြေဘူး၊ အိပ်မက်ထဲကနေ ငါညတိုင်းသွားအိပ်တဲ့အပျော်မယ်လေးတစ်ယောက်က
ငါ့ကို စောက်ရူးလို့ လက်ညှိုးထိုးပြီးအော်လိုက်တာ ငါ့ခေါင်းပေါ်က သက်တံ့တွေ ပြာဝေသွားခဲ့တယ်
ငါ့အမှားတွေဟာ တဖြည်းဖြည်း စကြ၀ဠာအသစ်တစ်ခုဖြစ်ပြီး ငါ့ကို ၀ါးမြိုသွားတယ်
မန်ဟက်တန်က လူသေတွေရဲ့ကမ္ဘာမှာ ငါ့အတွက် နေရာလွတ်တစ်ခုရှိတယ်
ငါသွားမှာ၊ ငါ့ခြေထောက်တွေဟာ ငါ့ဆီပြန်လာမှာ
စောက်ရူးလို့အော်ခေါ်တဲ့ စကားလုံးတွေကို ငါ့ရဲ့ ပျော်ရွှင်တတ်တဲ့ အစိတ်အပိုင်းတွေထဲကနေ ဖြတ်တောက်ပစ်မှာ
ပြီးတော့ လေယာဉ်ပျံတစ်စင်းလို မှောင်နေတဲ့ ကမ္ဘာပေါ် လိုလိုချင်ချင် ပျက်ကျပစ်ခဲ့မှာ

In: ကဗျာ Posted By: Date: Oct 9, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment