Professional Authors

To Dad (1)

To Dad (1)

ဇရာအို သူထောင်းပေမယ့်
အသွင်မပြောင်းနိုင်ပါတဲ့
သူ့မေတ္တာ……။

ရှေ့တမျိုး
နောက်တစ်ဖုံ
ရင်သွေးငယ်တွေအရေး
ရတက်မအေးရှာပဲ
ပူပင်ပေးရှာပါတဲ့
သူ့မေတ္တာ……..။

သားသမီးဇောတွေနဲ့
ပင်ပန်းမှုကို မျိုသိပ်
အားသွန်ခွန်စိုက်
အလုပ်တွေ လုပ်ရှာပါတဲ့
သူ့မေတ္တာ……။

ဇနီးအတွက် တစ်မျိုး
သားသမီးတွေအတွက် တစ်ဖုံ
လူတန်းစေ့ရေး
အစဉ်တွေးလို့
ကြိုးစားရုန်းကန်ရှာပါတဲ့
သူ့မေတ္တာ…….။

မိသားစုစိတ်နဲ့
လောကဓံ ကို ကြံ့ကြံ့ခံ
အားအင်အပြည့်နဲ့
လမ်းမမှားအောင်
ပဲ့ကိုင်ပေးရှာပါတဲ့
သူ့မေတ္တာ……။

မကုန်ခမ်းနိုင်တဲ့
သူ့ခွန်အား….
မပြယ်နိုင်တဲ့
သူ့စေတနာတွေနဲ့…
မိသားစုအတွက်
မားမားမတ်မတ်
သူရပ်တည်နေဆဲ……။

ဘ၀အမောတွေကို
သားသမီးဇောတွေနဲ့
သူဖြေသိမ့်….
မိသားစုအတွက်
မရိုးနိုင်တဲ့ သူ့မေတ္တာတွေ…..
ထာဝစဉ်ပေးဝေနေဆဲ…….။

In: ကဗျာ Posted By: Date: Sep 10, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment